(၁) ကျောက်ဖြူတွင် ဖြစ်ပွားသော မတရားပြုကျင့်
လူသတ်မှုနှင့် တောင်ကုတ်တွင်ဖြစ်ပွားသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတို
့ကြောင့် အသက် ပေးခဲ့ရသော အပြစ်မဲ့ ပြည်သူများအပေါ် မိမိတို့  MMSY
(မြန်မာမွတ်စလင်မ်ကျောင်း သား လူငယ်များ) မှ
ဆုံးရှုံးသူ၏မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါသည်။
(၂) ထိုပြစ်မှုနှစ်ခုစလုံးကို တရားဥပဒေများအရ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်ရေးသည် သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်နှင့် ၀တ္တရားဖြစ်သည်။
(၃) ယခုအချိန်အခါသမယသည် အနာဂတ် အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် အလွန်အမင်း အရေးကြီးသော အချိန်အခါဖြစ်သည်။ မြန်မာနိုင်ငံ ရေးအပြောင်းအလဲကာလတိုင်း အစ္စလာမ်ဘာသာဝင်များအား ခုတုံးလုပ် အမြတ် ထုတ်လေ့ရှိရာ ယခုအခါ အလုပ်သမား ဆန္ဒပြမှုများ၊ လယ်သမား ဆန္ဒ ပြမှုများနှင့် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုများ အပါအ၀င် နိုင်ငံရေး အကြပ်အတည်းဖြစ်နေသော အချိန်အခါတွင် တိုင်းပြည်ပြောင်းလဲတိုးတက်ရေးမလို လားသူများ သည် အစွန်းရောက် ဗုဒ္ဓဘာသာနှင့် လူမျိုးရေး အစွန်း ရောက်တချို့ ကို အသုံးချကာ လူမျိုးရေး ဘာသာရေး ပြသနာများဖြစ်စေရန် လှုံ့  ဆော်နိုင်သောအချိန်ဖြစ်သည်။
(၄) သို့ ရှိရာ မြန်မာမွတ်စလင်မ်လူငယ်များအပါအ၀င် ပြည်သူများသည် သတိကြီးစွာရှိကြရန် အောက်ပါအချက်အ လက်များ ကို မေတ္တာရပ်ခံအပ်ပါ သည်။
- အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းသည့် ဘာသာဖြစ်ပြီး မိမိတို့ မြန်မာမွတ်စလင်မ်များမှာ ခွဲခြားဖိနှိပ်ဆက်ဆံမှုများ ကို နှစ်ပေါင်းများစွာ သီးခံလာသည် ဖြစ်ရာ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ သီးခံခြင်းတရားကို ဆက်လက်ကိုင်ဆွဲထားရန်၊

- မိမိတို့ ကို အမျိုးမျိုး
စော်ကားနှိမ့်ချသူများမှာ အတွေးအခေါ်နည်းပါးသည့် လူမျိုးရေး ဘာသာရေး
အစွန်းရောက်တချို့ သာဖြစ်ပြီး၊ အစ္စလာမ်ဘာ သာ သည် အခြားဘာသာများအား
စော်ကားခြင်းမပြုရန် အတိအလင်းတားဆီးထားသည့်အတွက် အခြားဘာသာများနှင့်
လူမျိုးများကို အွန်လိုင်း တွင်သော်လည်းကောင်း ၊ ပြင်ပတွင်သော်လည်းကောင်း
ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ ထိခိုက်စေမှုများမှ အထူး
ဂရုပြုရှောင်ရှားပေးပါ ရန်၊
- တိုင်းပြည်အတွက်
နှစ်ပေါင်းများစွာ အနစ်နာခံခဲ့သည့် လူထုခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်
ကိုမြအေးတို့ တောင်းပန် ချက်ကို လေးစားပြီး ပြ ဿနာများကို တရားဥပဒေအရ
ဖြေရှင်း ရမည်ဖြစ်သည့်အတွက်လည်းကောင်း၊ ပြည်တွင်းမှ အစ္စ လာမ်ဘာသာရေးအဖွဲ
့အစည်းကြီး ၅ ခုမှလည်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းသွားမည်ဟု
ထုတ်ပြန်ကြေညာထား ပြီးဖြစ်သည့်အတွက် လည်းကောင်း ပြည်တွင်းရော ပြည်ပတွင်ပါ
လူစုလူဝေးများဖြင့် ဆန္ဒပြမှုများ၊ လှုပ်ရှားမှုများကို ရှောင်ကြဉ်ပေးပါရန်၊
- ယခုလိုအချိန်အခါတွင် မိမိဘက်က
မည်မျှမှန်သည် မှားသည်ဆိုစေကာမူ တိုင်းပြည် အနာဂတ်အတွက်ရော
လူမျိုးဘာသာရေးများအတွက်ပါ ထောက်ရှု ဆင်ခြင်ရမည်ဖြစ်သောကြောင့်
မြန်မာမွတ်စလင်မ်လူငယ် များအနေဖြင့် အမှိုက်ကစ ပြဿဒ် မီးလောင်
ဖြစ်စေနိုင်သည့် အပြောအဆို၊ အပြုအမူများ၊ အသွားအလာ အနေအထိုင်များအားလုံးကို
အထူးဂရုပြုကြရန်၊ မိမိဘေးပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်
အပြုအမှုများအားလုံးကို သတိပြုရှောင်ကြဉ်ရန်
လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
(မှတ်ချက် – ဤငြိမ်းချမ်းရေး မေတ္တာရပ်ခံစာကို ပရင့်ထုတ်ပြီးလက်လှမ်းမှီ သလောက် ဖြန့် ဝေပေးရန် မေတ္တာရပ်ခံပါသည်)
ဒါလေးကို ဖတ်မိသူတိုင်းပြန်လည် လက်ဆင့်ကမ်းမျှဝေပေးကြစေလိုပါသည်..
ကျေးဇူးပြုပြီးခင်္ဗျားး
ပြန်လည် မျှဝေသူ
အောင်အောင်(မကစ)
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။