အရေးကြီးရင် သွေးနှီးပါ

Sunday, June 10, 20120 မှတ်ချက်များ





ကျနော်တို့ မြန်မာလူမျိုးတွေ့ရဲ့ ပင်ကိုယ်စိတ်ထားက ခွင့်လွတ်သီးခံတတ်တယ်။ ကြင်နာတတ်တယ်။ မေတ္တာတရားကြီးမားကြတယ်။
ကျနော်တို့ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးဟာ မျိုးချစ်စိတ်ပြင်းထန်ကြတယ်။ ကိုယ့်အမျိုးကို ထိရင် အသက်ပေးဖို့ ဝန်မလေးကြဘူး။
မြန်မာပြည်မှာဖွားတဲ့ မြန်မာလူမျိုးတိုင်း မြန်မာပြည်ကို ချစ်ကြပါတယ်။
မတူညီတဲ့ ဘာသာရေးကို အကြောင်းပြ သွေးခွဲပြီး တောကြောင်လိုအလစ်ချောင်းနေတဲ့ အစွန်းရောက်ဝါဒီသမားတွေဟာ ကျနော်တို့ တိုင်းပြည်ကို ပုန်ကန်နေတယ်။
ဒီအချိန်မှာ မြန်မာပြည်မှာဖွား မြန်မာတိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်ကြပြီ ပြည်ပက တွန်းအားတွေနဲ့ ဝင်ရောက်လာတဲ့ ရန်တွေကို ခုခံကာကွယ်ကြပါစို့။
ယခုအချိန်ဟာ အချင်းချင်း အငြင်းပွားနေချိန်မဟုတ်တော့ပါ။
စည်းလုံး ညီညွှတ်ချင်းဖြစ်သာ အနိုင်ယူနိုင်မှာပါ။ ဘာသာရေးကို ခုတုန်းလုပ်ပြီး သွေးခွဲနေကြတဲ့  အစွန်းရောက်ဝါဒီသမားတွေကို တွေ့ ရာကနေ မောင်းထုတ်သင့်ပါတယ်..လို့ ကျနော် ဒီပဲယင်းသားလေး   အောင်အောင်(မကစ) မှ အမျိုးချစ်တဲ့ အမမြန်မာပြည်သားများအား  တိုက်တွန်း လိုက်ပါရစေ.... အရေးကြီးဆုံးကတော့ ဘာသာရေးနဲ့ ပါတ်သက်ပြီး  တဦးအပေါ် တဦးအမြင်မစောင်းကြဖို့ အရေးကြီးပါတယ်... ဘာသာ  သာသနာ ဆိုတာ သူ့အယူ ကိုယ့်အယူ  အားလုံးဟာ  အယူဝါဒတွေ ကိုယ်စီနဲ့ပါ  မြင့်မြတ်ကြပါတယ်.. ဒါကို သူ့ဘာသာက  ဘာကွာ..
တို့ဘာသာက ဘာဟ  ဆိုတဲ့  အတ္တအစွဲ  မထားဘဲ...  သွေးခွဲ  နယ်ချဲ့  ဖျက်စီးတတ်တဲ့ ၀ါဒသမားတွေကိုသာ... ညီညွတ်စွာ  အပြတ်ချေမှုံးကြပါစို့  လို့..ကျနော် တတ်နိုင်တဲ့  သည်နေရာကနေ တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်းးးးးးးးးးး

မြန်မာပြည်ကြီး အေးငြိမ်းရန် မြန်မာပြည်တွင်ဖွားသော နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။

အားလုံးအတွက်  တို့ပြည်..တို့မြေ...တို့မိသားစု  ဥမကွဲ သိုက်မပျက်ဖို့.. သတိကို အသိနဲ့ ယှဉ်ကာ
ချင့်ချိန်လို့... ဆုံးဖြတ်  ပြတ်သားကြပါစို့...............
ဒီပဲယင်းသားလေး
အောင်အောင်(မကစ)


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger