မန္တလေးမှ ဗုဒ္ဓဂယာသို့ Air Bagan ဖြင့် တိုက်ရိုက်ပျံသန်းမည်

Sunday, June 10, 20120 မှတ်ချက်များ





Air Bagan လေကြောင်းလိုင်းမှ F-100 စင်းလုံးငှားလေယာဉ်ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)မှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ယခုနှစ် စက်တင်ဘာလ ၂၆ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တိုက်ရိုက်ပျံသန်းပေးမည် ဖြစ်ကြောင်း သိရသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၉ နာရီခွဲတွင် ထွက်ခွာ၍ ဗုဒ္ဓဂယာသို့ နံနက် ၁၁ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ပြီး ဗုဒ္ဓဂယာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာပြီး မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၃ နာရီခွဲတွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။ အထက်မြန်မာပြည်-မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်လိုသူများသည် ရန်ကုန်မြို့သို့ လာရောက်ရန်မလိုတော့ဘဲ မန္တလေးမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ တိုက်ရိုက်သွားရောက်နိုင်ပြီ ဖြစ်ပါ၍ ခရီးစရိတ် သက်သာစွာဖြင့် ဘုရားဖူး သွားရောက်နိုင်မည် ဖြစ်သည်။ လေယာဉ်ပေါ်တွင် နိုင်ငံတကာအဆင့်အတန်းမီ ဧည့်ခံကျွေးမွေး ဧည့်ဝတ်ပြုမည်ဖြစ်ပြီး ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဥပုသ်သည်များအတွက် လေယာဉ်ပေါ်တွင် နေ့ဆွမ်း၊ အချိုပွဲများ ဆက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ၄င်းအပြင် မန္တလေးမြို့တွင်း စုရပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး အပြန်ခရီးတွင်လည်း မန္တလေးလေဆိပ်မှ မန္တလေးမြို့တွင်းစုရပ်သို့ ကြိုဆိုပို့ဆောင်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူး သွားရောက်လိုသူများသည် Air Bagan ရုံးချုပ်နှင့် မန္တလေးမြို့ အမှတ်(၄၁၄)၊ ၈၂လမ်း ၃၂x၃၃ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ ဖုန်း- ၀၉-၉၁၀၁၉၅၃၆၊ ၀၉-၄၄၄၀၀၇၉၀၆ နှင့် ရန်ကုန်မဟာတိုး အမှတ်(၈၁၅)၊ မဟာဗန္ဓုလလမ်းနှင့် လှည်းတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ဖုန်း-၂၂၇၃၂၂၊ ၂၁၁၇၀၃၊ ၀၉-၇၉၂၉၇၁၇၆၊ ၀၉-၇၃၂၀၅၈၉၀၊ ၀၉-၄၃၁၀၅၃၃၈ တို့သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger