ဦးမြတ်ခိုင်အား အာမခံပေးလိုက်ပြီ

Monday, June 25, 20120 မှတ်ချက်များ


ရန်ုကုန်၊ ဇွန်-၂၅
လျှပ်တပြတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပုဇွန်တောင်မြို့နယ် တရားသူကြီးမှ အာမခံပေးလိုက်ကြောင်း သိရသည်။

လျှပ်တပြတ်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား လျှပ်တပြတ်ဂျာနယ်တွင် ဖော်ပြပါရှိသည့် သတင်းနှင့်သတင်းဓာတ်ပုံ အချို့နှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ယင်းပုဒ်မသည် အာမခံပေး၍မရသော ပုဒ်မဖြစ်သော်လည်း၊ သေဒဏ်/ကျွန်းဒဏ်ထိုက်သင့်သောပြစ်မှုမဟုတ်သဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၇)အရ အကယ်၍ သေဒဏ်/ကျွန်းဒဏ် ထိုက်ခဲ့လျှင်သော်မှ အသက်(၁၈)နှစ်အောက်အရွယ်ဖြစ်လျှင်သော်လည်းကောင်း၊ သက်ကြီးရွယ်အိုဖြစ်လျှင်သော်လည်းကောင်း၊ နာမကျန်းသူဖြစ်လျှင်သော်လည်းကောင်း အာမခံပေးခွင့်ရှိကြောင်းသိရသည်။

ယခုပုဒ်မနှင့်စပ်ဆိုင်သော ပြစ်ဒဏ်သည် ထောင်ဒဏ်(၂)နှစ်အထိသာရှိပြီး၊ ဦးမြတ်ခိုင်မှာလည်း အသက်(၅၇)နှစ်အရွယ်ရှိသူဖြစ်ကာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိသည့်တို့ဖြစ်ပွားနေသူလည်းဖြစ်သလို ခိုင်လုံသော အထောက်အထားများလည်းတင်ပြနိုင်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၇) ချွင်းချက်အရ ပုဇွန်တောင်မြို့နယ်တရားသူကြီး ဒေါ်နိုင်နိုင်အောင်က အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ဦးမြတ်ခိုင်၏ ဥပဒေအကြံပေး ဦးသိန်းသန်းဦးကပြောသည်။

ဦးမြတ်ခိုင်အား အလင်္ကာဝတ်ရည် ဦးမောင်မောင်အေးနှင့် စာရေးဆရာ မောင်ဆွေသက်တို့က အာမခံပေးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာချစ်စံဝင်းကမူ လိုအပ်ပါက အာမခံပေးနိုင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်
ဦးမြတ်ခိုင်ဖက်မှ အမျိုးသားဒီမိုကရေစီပါတီသစ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ရှေ့နေလိုက်ပေးခြင်းဖြစ်သည်။

ဦးမြတ်ခိုင်အား MJA, MJN, MJU အစရှိသည့် သတင်းစာဆရာအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြည်တွင်း/ပြည်ပ သတင်းထောက်များ လာရောက်အားပေးခဲ့သည်။

အမှုအားဆက်လက်ကြားနာရန် ဇွန်လ ၂၉ ရက် သို့ ချိန်းဆိုလိုက်ကြောင်းသိရသည်။

Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger