““ ပထမတင်မယ့် တိုင်းတရားလွှတ်တော်ကပယ်ရင်လည်း ဥပဒေကြောင်းအရ အဆုံးထိရည်ရွယ်ထားပါတယ်”” ၄င်းကပြောသည်။
ဗိုလ်ချုပ်အောင်းဆန်း၏ သားအကြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သည့် ဦးအောင်ဆန်းဦးမှ တရားစွဲဆိုထားသည့် နေအိမ်ခြံမြေ ပိုင်ဆိုင်မှု အမှုတွင် သားသမီး နှစ်ဦင်္းစလုံးအညီအမျှခွဲဝေယူရန် တရားရုံးမှ အမိန့်ချမှတ်မှုအပေါ် ဦးဥာဏ်ဝင်းက ယခုလိုပြောကြားခြင်းဖြစ်သည်။
““ တရားရုံးရဲ့ အမိန့်က လိုအပ်ချက်ရှိပြီး မပြည့်စုံဘူးလို့ ထင်ပါတယ်”” ဟု ၄င်းကပြောသည်။
အယူခံတင်ရန် ကိစ္စရပ်အပေါ် ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးတိုင်ပင်မှုမလုပ်ရသေးကြောင်း ၊ အယူခံတင်ရန် ချမှတ်သည့် အမိန့် မိတ္တူစောင့်ဆိုင်းလျှက်ရှိကြောင်း ၄င်းကပြောသည်။
ပိုင်ဆိုင်မှုကို အညီအမျှခွဲယူရန် တရားရုံးမှ ဇွန်လ ၂၂ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုအားရင်ဆိုင်နေရသည်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်ကာလ ကတည်းကပင်ဖြစ်သည်။
အမွေဆိုင်မှု ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၀န်ကြီးချုပ်ဦးနုမှ ဒေါ်ခင်ကြည်အား ၁၉၆၀ ခုနှစ်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။