အင်ဒိုနီးရှားနိုင်ငံ သုတေသနနဲ့ နည်းပညာ ၀န်ကြီးဌာနက နိုင်ငံရဲ့ လက်နက်စွမ်းအား ဖြည့် တင်းဖို့အတွက် ဒုံးကျည်တစ်ထောင်ခန့်ကို
အဆင့်မြှင့် တည်ဆောက်သွားဖို့ စီစဉ်လျက်ရှိ ကြောင်း သိရပါတယ်။ ၀န်ကြီးဌာနမှ ကာကွယ်ရေးနဲ့ လုံခြုံရေး ကျွမ်းကျင်သူတစ်ဦးက ၁၅ကီလိုမီတာကနေ ၂၀ကီလိုမီတာအထိ ပစ်ခတ်နိုင်တဲ့ R-Han 122 အမည်ရှိ တစ်ရာနှစ်ဆယ့်နှစ် မမ ဒုံးကျည်တွေကို တည်ဆောက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲ့ဒီဒုံးကျည်တွေကို အင်ဒိုနီးရှားနိုင်ငံ အာကာသနဲ့ လေကြောင်းဌာနက ဖန်တီးတည်ဆောက်ပေးမှာ ဖြစ်ပြီးနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် အဆိုပါ ဒုံးကျည်များကို အင်ဒိုနီးရှားနိုင်ငံက ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးနိုင်ဖို့ အဆင့်မြင့်စစ်လက်နက် နည်းပညာများ လိုအပ်နေပါတယ်။ အခုလို ဒုံးကျည်များ တည်ဆောက်ခြင်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ဖက်အင်အား တိုးမြှင့်ရေးအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။