သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံ သက်တမ်း တိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီများအား ဖျက်သိမ်း သွားမည်

Saturday, June 9, 20120 မှတ်ချက်များ

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သက်တမ်း ကုန်ဆုံးချိန်မှာ ထပ်မံ သက်တမ်း တိုးခြင်း

မရှိတဲ့ ကုမ္ပဏီ တွေကို ဖျက်သိမ်း မှုများပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှာ ၂၀၀၄ ခုနှစ် ကတည်းက ကုမ္ပဏီ သက်တမ်း ကုန်ဆုံးပြီး သက်တမ်း တိုးမှု မရှိတဲ့ ကုမ္ပဏီတွေကို သက်တမ်း တိုးဖို့ အကြောင်းကြား စာများ ၃ ကြိမ် ပေးပို့ ထားပေမယ့် ကုမ္ပဏီ အချို့ဟာ ပြန်လည် လာရောက် သက်တမ်း တိုးခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီလို ကုမ္ပဏီတွေ ထဲမှာ သက်တမ်း ကုန်ဆုံးပြီး သက်တမ်း မတိုးတဲ့ ကုမ္ပဏီ တွေဟာ စုစုပေါင်း တစ်ထောင့် ကိုးရာကျော် လောက်ရှိပြီး အဆိုပါ ကုမ္ပဏီတွေ ထဲက ကုမ္ပဏီ အချို့သာ သက်တမ်းတိုး ခြင်းရှိ၊ မရှိနဲ့ ယခု လက်ရှိ လုပ်ငန်း ဆောင်ရွက်မှု တွေကို ပြန်လည် အကြောင်း ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြန်လည် အကြောင်းပြန်ခြင်း မရှိတဲ့ ကုမ္ပဏီတွေ ကိုတော့ နောက်တစ်ပတ်မှာ ၀န်ကြီး ဌာနရဲ့ စီမံခန့်ခွဲမှု ကော်မတီနဲ့ အစည်းအဝေးနဲ့ အထက် အဆင့် အစည်းအဝေး များမှာ တင်ပြပြီး သက်တမ်း မတိုးတဲ့ ကုမ္ပဏီတွေ အတွက် လုပ်ဆောင်မှု တွေကို ထပ်မံ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီများ အတွက် သက်တမ်းများ လိုင်စင် တင်ခွင့်ပြုမှုဟာ ယခင်က လိုင်စင် သက်တမ်း ၂ နှစ်သာ ခွင့်ပြုခဲ့ ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မှာတော့ ကုမ္ပဏီရဲ့ လိုင်စင် သက်တမ်းကို ၃ နှစ်အထိ တိုးမြှင့် ခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger