ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

Monday, June 11, 20120 မှတ်ချက်များ


ဓည၀တီ (က)ရပ်ကွက် ဓမ္မရာမ ကျောင်းတိုက်အား ဘင်္ဂလီများက အုတ်ခဲ များ၊ ဂျင်ကလိများဖြင့် ပစ်ပေါက်ခြင်းကြောင့် သံဃာတစ်ပါး ထိခိုက်ဒါဏ်ရာ ရ

ဘင်္ဂါလီ အကြမ်းဖက်သူများ အသုံးပြုသည့် မြား နှင့် ဂျင်ကလိ ကိုတွေ့ရစဉ်။
ဓည၀တီရပ်ကွက်တွင် မီးရှို့ဖျက်ဆီးရန်ကြိုးစားနေသော ဘဂါင်္လီဆူပူအကြမ်းဖက်သူများကို ထပ်မံဖမ်းဆီးမိခဲ့ပြီး အဆိုပါဘဂါင်္လီများအား လုံခြုံရေးကားပေါ်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရစဉ်

ရန်ကုန်၊ ဇွန် ၁၁

လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger