ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၁)ရက်နေ့ နောက်ဆုံးရ သတင်းများ

Monday, June 11, 20120 မှတ်ချက်များ


သတင်း-ဓါတ်ပုံ Eleven Media
news-eleven.com

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
24
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့ လုံခြုံရေး တာဝန်ယူနေကြခြင်း ဖြစ်ပါသည်။


23
ယနေ့ မွန်းလွဲ ညနေ ၄ နာရီအချိန်က စစ်တွေမြို့ရှိ ဓည၀တီရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီ ရွာ နှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
22
စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချန်က တွေ့ရစဉ်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၃:၀၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါလီ တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂါလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၃၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာအနီးတွင် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီး ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင် တိုင်းရင်းသား သုံးဦး သေဆုံးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။ အဆိုပါဖြစ်စဉ်၌ သေဆုံးခဲ့ရသူ ရခိုင်တိုင်းရင်းသား သုံးဦးမှာ ဦးကျော်သိန်း၊ ကိုဌေးနှင့် အောင်ဇေယျ ရွာသားတစ်ဦးတို့ ဖြစ်ကြောင်း ဗျိုင်းဖြူရွာသား တစ်ဦးက ပြောပါသည်။ ဗျိုင်းဖြူရွာအနီးတွင် ဘင်္ဂါလီများ နေထိုင်သည့် သံတော်လီရွာ တည်ရှိနေပါသည်။
15
19

20
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော အဖွားအိုတစ်ဦးအား တွေ့ရစဉ်
21
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၁၀ နာရီ
မေလ ၂၈ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့်၊ လူသတ်၊ ပစ္စည်းလုယက်မှု ကျူးလွန်ခဲ့သော တရားခံများကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးချိန်းစစ်ဆေး ကြားနာရာတွင် အသိသက်သေ ၂၀ ကျော် လာရောက်ကြပြီး လက်ရှိ သက်သေ ၃ ဦး ထွက်ဆိုပြီးနောက် မွန်းလွဲ ၁၂ နာရီတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ(၃)ဦး အနက် တစ်ဦးဖြစ်သူ တရားခံ ရော်ရှီး (ခ) ထက်ထက်မှာ ဇွန်လ ၉ရက် ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင် အတွင်း ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရှိရသည်။
11
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
10
9
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
1
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
2
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
3
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

6
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁:၂၀ နာရီ
စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များကို လုံခြုံရေးအခြေအနေကြောင့် ယနေ့မှ စတင်၍ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၂၅ နာရီ
စစ်တွေမြို့ မြောက်ဘက်တွင်ရှိသော ဘင်္ဂါလီရွာဖြစ်သည့် နာဇီရွာကို ဖြတ်သန်းသွားသော အဆိုပါ ရေပိုက်လိုင်းသည် စစ်တွေမြို့တစ်မြို့လုံးသို့ ရေပေးဝေသည့် ပိုက်လိုင်းဖြစ်သောကြောင့် ကြိုတင်ကာကွယ်ခြင်းအားဖြင့် စစ်တွေမြို့ ရေပေးဝေမှုကို ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။ လက်ရှိ အချိန်တွင် နာဇီရွာ၌ ဘဂါင်္လီများသာ ရှိနေပြီး ရွာတွင်ကျန်ရှိနေသော ရခိုင်တိုင်းရင်းသား အိမ်များနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယနေ့နံနက်ပိုင်း ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။

jun11sittway1
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၁၀ နာရီ
မောင်တောမြို့ ရပ်ကွက်(၅)နှင့် ဗိုလ်မှူးရွာ ကို ဘင်္ဂါလီရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် နံနက် ၉ နာရီ ခွဲခန့်က မီးရှိုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းထားကြောင်း သိရသည်။မောင်တောမြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ၊ ဆရာမ ၄၃ ဦးကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရပါသည်။ယနေ့ ဇွန်လ ၁၁ ရက် ဘူးသီးတောင်မြို့ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၀၀ နာရီ
လက်ရှိအခြေအနေတွင် စစ်တွေမြို့ မြောက်ဖက် ရွာသာယာရွာနှင့် ဗျိုင်းဖြူရွာတို့ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း၊ အဆိုပါရွာနှစ်ရွာ၏ အလယ်တွင် ဘင်္ဂါလီများ၏ ရွာရှိနေပြီး ရွာသာယာရွာကို သွားရန် စစ်တွေမြို့မှ ဒေသခံများ ပြင်ဆင်နေပြီဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁:၄၀ နာရီ
ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် သံတွဲမြို့သို့ ပြေးဆွဲနေသော အဲကမ္ဘောဇ လေကြောင်းလိုင်းသည် လုံခြုံရေး အခြေအနေများကြောင့် တစ်ပတ်ခန့် ခရီးစဉ်များ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အခြားလေကြောင်းလိုင်းများဖြစ်သည့် မြန်မာ့လေကြောင်း၊ အဲမန္တလေးနှင့် အဲပုဂံတို့မှာ ရခိုင်ပြည်နယ်သို့ ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျှက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁ နာရီ
စစ်တွေမြို့ အပြင်ဘက်ရှိ နာဇီရွာမှ ရွာသားများသည် ဘင်္ဂါလီများ၏ ရန်ကြောင့် ဇွန်လ (၁၀) ရက်နေ့ညက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါရွာတွင် အိမ်ခြေ ၂၇၀၀ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား အိမ်ခြေ ၂၈၀ ခန့်နှင့် ဘုန်းကြီးကျောင်းငါးကျောင်း ရှိကြောင်း သိရသည်။
အဆိုပါ နာဇီရွာတွင် ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောက၊ ဓမ္မ၀ိဟာရ၊ ဂြစ်ချောင်း ဘုန်းကြီးကျောင်းတို့အနက်မှ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောကစသည့် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရခိုင်ရွာသားများ၏ နေအိမ်များကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခံနေရကြောင်း သိရှိရပါသည်။
စစ်တွေမှာ တရားဝင် ကယ်ဆယ်ရေးစခန်းများ မရှိသော်လည်း စစ်တွေမြို့အနီးအနားရှိ ရခိုင်ရွာများမှ ပြည်သူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့်တွင် ခိုလုံနေကြပြီး လူ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၂၀ နာရီ
မောင်တောမြို့ ဗိုလ်မှူးရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့နေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၀၅ နာရီ
ဇွန်လ ၁၁ရက် နံနက်ပိုင်း ရရှိသော သတင်းများအရ တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်း ကင်းလှည့်နေကြောင်း၊ ယမန်နေ့ကကဲ့သို့ အခြေအနေမျိုးမရှိဘဲ အေးချမ်းနေကြောင်း သတင်းရရှိပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger