အဆိုတော် မျိုးကျော့မြိုင် အိမ်ကူ လုပ်သား အား နှိပ်စက်မှုဖြင့် အမှုဖွင့် ခံနေရ

Friday, June 1, 20120 မှတ်ချက်များ

အဆိုတော် မျိုးကျော့မြိုင်က ၄င်း၏ အိမ်အကူ လုပ်သား အသက် ၁၇နှစ် အရွယ် ရှိ မောင်ဟိန်းမင်းသူ အပေါ် ငွေကြေးခိုးယူသည်ဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့ မှုနှင့် ပတ်သက်  ၍ မရမ်းကုန်း ရဲစခန်း၌ ကာယကံရှင်ဖြစ်သူ၏မိခင်မှ တရားစွဲ အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နှိပ်စက် ညှဉ်းပန်းခံရသူ မောင် ဟိန်းမင်းသူ၏ မိခင် ဒေါ်ခင်လေး နိုင်၏ ပြောကြားချက် အရ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မရမ်းကုန်း မြို့နယ်၊ (၆) ရပ် ကွက်၊ ပြည်သူ့လမ်း၊ အမှတ်-၄၂/စီရှိ အဆိုတော် မျိုးကျော့မြိုင်၏ နေ အိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင် နေသည့် သားဖြစ် သူမောင်ဟိန်းမင်း သူသည်၎င်း၏နေအိမ် သို့ ရောက် ရှိလာပြီး မျိုးကျော့မြိုင်မှ ဈေးဝယ် ခိုင်းသော ငွေကျပ် ၆၅ဝဝဝ မှာ ရန်ကုန်စာတိုက်ကြီးသို့သွားစဉ် ခါးပိုက်နှိုက်ခံရ၍ ပျောက်ဆုံးသွား ခဲ့ကြောင်းနှင့် ထိုငွေ အားပြန်ပေး နိုင်ရေးအတွက် မိခင်ဖြစ်သူထံမှ လာရောက်တောင်း ခြင်းဖြစ် သည်ဟု သိရသည်။”ကျွန်မက အိမ်မှာ စက်ချုပ် နေတုန်း သားဖြစ်တဲ့သူ ရောက်လာ ပြီး မျိုးကျော့မြိုင် ဈေးဝယ်ခိုင်း တဲ့ ငွေပျောက်သွားလို့
လာတောင်းတော့ ကျွန်မလည်း စုဆောင်းထား တဲ့ငွေ ငါးသောင်းကိုယူပြီးသားနဲ့အတူ မျိုး ကျော့မြိုင်ရဲ့ အိမ်ကို လိုက်သွား ပြီး အကျိုးအကြောင်းရှင်းပြခဲ့တယ်။
သူက ကလေးကိုဘာမှ စိတ်မပူပါနဲ့။ ဒီမှာပဲထားခဲ့ပါပြောလို့ ကျွန်မလည်း အိမ်ပြန်လာတာ” ဟု ဒေါ်ခင်လေး နိုင်က ဆိုသည်။ထို့နောက် အဆိုပါ နေ့ ညနေ ၅ နာရီတွင် မျိုးကျော့မြိုင်မှ ဒေါ် ခင်လေးနိုင်အား ဖုန်းဆက်၍ ၄င်း၏ သားဖြစ်သူက ဒေါ်လာ ၁ဝဝ ခိုးယူ သည်ဟုပြောဆိုကာေ ငွကျပ်နှစ်သိန်း ခွဲအလျော်တောင်းသည့်အတွက် ၄င်းထံတွင်ရှိသောငွေကျပ် ခုနစ် သောင်းအားယူကာမျိုးကျော့မြိုင်၏ နေအိမ်သို့လိုက်သွားခဲ့ကြောင်း၊ မျိုး ကျော့မြိုင်၏ အိမ်သို့ရောက်စဉ် ၄င်း အိမ်၌ အလုပ်လုပ်ကိုင်သူ မရွှေစင် ဖြိုးကငွေခုနစ်သောင်းယူ၍မောင်ဟိန်း မင်းသူအားဒေါ်ခင်လေးနိုင်နှင့်ပြန် ထည့် ပေးလိုက်ကြောင်း ၄င်း ကပြောသည်။ ”သားဖြစ်တဲ့သူကို တွေ့တဲ့ အချိန်မှာ မျက်နှာမှာညိုမည်းနေတာ ကိုတွေ့တဲ့အတွက် ဘာဖြစ်တာလဲ လို့မေးတော့ မျိုးကျော့မြိုင်က သူ့ကို ပိုက်ဆံခိုး တယ်ဆိုပြီး လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်တယ်လို့ ပြော တယ်။ ဒါနဲ့သားကို မ/ဥက္ကလာ ဆေး ရုံကိုပို့ပြီး မရမ်းကုန်းရဲစခန်းမှာ အမှုသွားဖွင့်ခဲ့တာ”ဟု ၄င်းက ထပ် မံပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မျိုးကျော့မြိုင်အား ဆက်သွယ်မေး မြန်းခဲ့ရာ ၄င်းအား တရားစွဲဆိုထား ခြင်းနှင့် ပတ်သက်၍ မသိရှိရသလို ၄င်းအနေဖြင့် လည်း မောင်ဟိန်းမင်း သူအပေါ် ထိခိုက်နာကျင်အောင် မပြုလုပ်ခဲ့ကြောင်း သို့သော် အမှန် တရား ပေါ်ပေါက်ရေးအတွက် ထို အမှုအား ရင်ဆိုင်ဖြေရှင်း သွားမည် ဖြစ်ကြောင်း ပြောကြား သည်။ မောင်ဟိန်းမင်းသူမှာ မျိုး ကျော့မြိုင်၏ နေအိမ်၌ အိမ်အကူ အဖြစ်လုပ်ကိုင်နေသည်မှာခြောက် လခန့်ရှိပြီဖြစ်ပြီးတစ်လလျှင် လစာ ငွေအဖြစ် ကျပ်နှစ်သောင်း ရရှိကြောင်း နှင့် အမှုနှင့်ပတ်သက်၍ မရမ်းကုန်း ရဲစခန်းမှ(ပ)၂၈၇/၁၂(ပုဒ်မ) ၂၉၄/ ၃၂၅/ ၅ဝ၆ ဖြင့် အမှုဖွင့်ကာစုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ထို့အပြင် အဆိုတော် မျိုးကျော့ မြိုင်မှလည်းမောင်ဟိန်းမင်းသူအား မရမ်းကုန်းရဲစခန်းတွင်(ပ)၂၉၃/ ၁၂၊ပုဒ်မ၃၈၁ဖြင့် ပြန်လည် တရား စွဲဆို ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။
PN-020
Popular News
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger