အီရတ်နှင့် အာဖဂန် စစ်ပွဲများတွင် တိုက်ပွဲဝင်ခဲ့သည့် မြန်မာလူမျိုး မရိန်းစ်တပ်သား

Friday, June 1, 20120 မှတ်ချက်များ


2758 Myanmar Marines Than Naing ကျွန်တော်အောင်လေး
ဒီခေါင်းစဉ်လေးကိုစရေးလိုက်တယ်ဗျာ.........
၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုကြီး မတိုင်မီက နူးယောက်ခ်မြို့နေ ကိုသန်းနိုင်သည် မက်ဒေါနယ် စားသောက်ဆိုင်တွင် အနည်း ဆုံး လုပ်ခလစာဖြင့် အလုပ်လုပ်နေ ခဲ့ရသူဖြစ်သည်။ သို့သော်လည်း ထိုဖြစ်ရပ်ကြီး ပြီးသည့်နောက်ပိုင်း အမေရိကန်နိုင်ငံ၏ ဂုဏ် အရှိဆုံးတပ်ဖွဲ့ဖြစ်သည့် မရိန်းစ်တပ်တာဝန်ထမ်းဆောင်လျက်ရှိသည်။

၂၀၀၁ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေး တာဝါကြီး ၂ ခု ပြိုကျပျက်စီးခဲ့ရသည်ကို မျက်မြင့်ကိုယ်တွေ့ ကြုံကြိုက်ခဲ့ရပြီးနောက် မရိန်းစ် တပ် ထဲ ဝင်ရောက်တာဝန် ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သူ ကိုသန်းနိုင်သည် အခက်အခဲမျိုးစုံအား ကျော်ဖြတ်ကာ ရွေးချယ်ခံရရန် လွန်စွာခက်ခဲ့သည် မရိန်းစ်တပ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ 

အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲတွင်း ဒဏ်ရာရရှိခဲ့ကာ မရိန်းစ်တပ်ဖွဲ့၏ ဂုဏ်ထူးဆောင်ဆု အားလည်း ရရှိခဲ့သည်။ ယင်းအနေဖြင့် မရိန်းစ်တပ်ထဲတွင် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ၂၀၀၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့ပြီး တက္ကသိုလ်မှလည်း ဘွဲ့ရရှိခဲ့ပြီဖြစ်သည်။
"ကျွန်တော်ဟာ အမေရိကန် နိုင်ငံသားပါ။ ဒီနိုင်ငံအတွက် တစ်ခုခုခတော့ ပေးဆပ်ဖို့ လိုပါတယ်။ နိုင်ငံသား ဖြစ်ရတဲ့ အကျိုးက ဒါ ပါပဲ။" ဟု ကိုသန်းနိုင်က ဆိုခဲ့သည်။
၂၀၀၀ ခုနှစ်တွင် DV မဲပေါက်ပြီး အမြဲတမ်း နေထိုင်ခွင့်ရရှိကာ မြန်မာနိုင်ငံမှ အမေရိကန် ပြည်ထောင်စုသို့ စွန့်စားထွက်ခွာလာခဲ့ သည့် ကိုသန်းနိုင်သည် နူးယောက်ခ်မြို့သို့ ရောက်ရှိလာခဲ့စဉ်က အင်္ဂလိပ်စာလည်း မတတ်သလို အသိအကျွမ်းပင် တစ်ဦး တစ်ယောက်မှ မရှိခဲ့ပေ။
အဲလ်ကိုင်းဒါတို့၏ အကြမ်းဖက် တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ရပြီး မခံမရပ်နိုင်ဖြစ်ကာ နိုင်ငံအတွက် ပေးဆပ်လိုစိတ်ကြောင့် မရိန်းစ်တပ်ထဲ ဝင်ဖြစ်သွားခြင်းဟု သိရှိရသည်။
"ကျွန်တော် ဒီဖြစ်ရပ်အပြီး ၁ ပတ်အကြာမှာ စစ်သား စုဆောင်းရေးစခန်းကို သွားရောက်ခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို မြင်လိုက်ရတဲ့အချိန်မှာ အရမ်းကို မခံမရပ်နိုင် ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ပဲ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။" ဟု ယင်း၏ ဖြစ်ရပ် အား ပြန်ပြောင်းပြောပြခဲ့သည်။
စစ်သားစုဆောင်းရေး အရာရှိက ကိုသန်းနိုင်ကိုမြင်မြင်ခြင်း စိတ်ဓာတ်ပြင်းပြသူဟု တွေ့မြင်ခဲ့ရပြီး တပ်ထဲဝင်ရန် ကူညီပေးခဲ့သည်။ သို့သော် ယင်းအနေဖြင့် အင်္ဂလိပ်စကား ကောင်းမွန်စွာ မပြောနိုင်သည့် ပြဿနာကြောင့် စစ်သင်တန်းဝင်ခွင့် စာမေးပွဲအတွက် ၁ နှစ်ပတ်လုံး ကြိုးပမ်းအားထုတ်ခဲ့ရသည်။ နောက်ဆုံး ၂၀၀၄ ခုနှစ် မေလတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ပြီး စစ်သင်တန်း တက်ရန်အတွက် တောင်ကယ်ရိုလိုင်းနားသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။
ထို့နောက် မကြာမီတွင် မရိန်းစ်တပ်သား အသစ်စက်စက် ကိုသန်းနိုင်သည် မက်ဒေါနယ်တွင် အလုပ်လုပ်နေသည်မှ အီရတ်ရှိ လမ်းများပေါ်တွင် လုံခြုံရေးလှည့်လည်ရသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ကိုသန်းနိုင်၏ မိခင်ကြီး ကွယ်လွန်သွားခဲ့သော်လည်း တာဝန်သိစိတ်ဖြင့် သူ၏ အထက်အရာရှိကိုပင် အသိမပေး ခဲ့ပေ။
"ကျွန်တော်တို့ မရိန်းစ်တပ်သားတွေဟာ ညီအစ်ကိုတွေပါပဲ။ အခက်အခဲ မျိုးစုံကို အတူတူ ကျော်ဖြတ်လာခဲ့ရတာပါ။ အချင်းချင်း လည်း ကာကွယ်စောင့်ရှောက်ရပါတယ်။ လေးစားမှုရှိကြပါတယ်။ နေရာဒေသစုံ၊ မိသားစုဘဝမျိုးစုံကနေ ရောက်ရှိလာကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ချစ်ခင်ကြပါတယ်။ အမေရိကန် မရိန်းစ်တပ်ဖွဲ့ကြီးဟာ ကျွန်တော့်ကို ခေါင်းဆောင်မှု စွမ်း ရည်တွေ၊ အတွေ့အကြုံတွေ၊ အခက်အခဲကြားမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုချရမလဲ ဆိုတာတွေကို သင်ပေးခဲ့ပါတယ်။ ကျွန်တော့်ကိုကျွန်တော့ "မြန်မာပြည်မှာမွေးဖွား၊ အမေရိကန် မှာ လုပ်တဲ့သူလို့" ပြောချင်ပါတယ်။
အီရတ်ရောက်ရှိပြီး လအနည်းငယ်အကြာ အီရတ်စစ်၏ အမြင့်ဆုံးအချိန်တွင် ကိုသန်းနိုင်တစ်ယောက် တိုက်ပွဲတွင်း သေနတ်မှန် ကာ ဘယ်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။
၂ နှစ်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးနောက် ရှေ့တန်းသို့ ပြန်လည်သွားရောက်ခဲ့ပြီး ယင်း၏ မူလတပ်စိတ်နှင့်အတူ လက်ရှိအချိန် တွင် အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၀ မေလအတွင်း ယင်းတို့ တပ်စိတ်တာဝန်ကျရာ စစ်ဆေးရေးဂိတ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရမှ တာလီဘန်တပ်သား ပစ်ခတ်လိုက်သည့် ကျည်ဆံသည် ကိုသန်းနိုင်၏ ရင်ဘတ်တည့် တည့်အား ထိမှန်သွားခဲ့သည်။ ဒုတိယတစ်ကြိမ် သေကံမရောက် သက်မပျောက်ခဲ့သည့် ကိုသန်းနိုင်သည် လက်ရှိအချိန်တွင် ဆေး ဝါး ကုသမှု ခံယူလျက်ရှိသည်။
စစ်ပွဲ ၂ ခုပြန် ကိုသန်းနိုင်က "ကျွန်တော်တော့ သေပြီလို့ပဲ တွက်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့ဟာ သေနတ်မှန်ရင် ဘယ်လိုနေရမယ်ဆိုတာကို သင်ကြားထားပြီးသားပါ။ မျက်လုံးဖွင့်ထားပြီး အသက်မှန်မှန်ရှူရပါတယ်။ စိတ်လျော့လိုက်လို့ မရပါ ဘူး။ ဒီလိုနဲ့ပဲ စိတ်တင်းထားရင်း အဆိုးဆုံးအချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။" ဟု ယင်း၏ အတွေ့အကြုံအား ပြောပြသွားခဲ့သည်။
---(မှတ်ချက် Fox News သတင်းဌာန၏ How 9/11 turned a new immigrant into a proud Marine ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)by-shwelone
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger