၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပသွားမယ့် နေရာတွေမှာ ကြိုးမဲ့
အင်တာနက် စနစ် Wi-Fi ရရှိအောင် မြန်မာ့ ဆက်သွယ်ရေးက ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို Wi-Fi ရရှိတဲ့ အတွက် အားကစားပွဲ သတင်းများကို လျင်မြန်စွာ ထုတ်လွှတ် နိုင်မှုနဲ့ အားကစားပွဲ လာရောက် ကြည့်ရှုသူတွေ အနေနဲ့လည်း အင်တာနက်ကို လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခုလို ဆောင်ရွက်ရာမှာ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ကုမ္ပဏီများကို ဈေးနှုန်း တင်ဒါ သွင်းဖို့ ဖိတ်ခေါ် ထားတာ ကိုလည်း သိရှိရပါတယ်။ အဆိုပါ ၀ိုင်ဖိုင် စနစ် ရရှိအောင် ပြုလုပ်မယ့် နေရာ တွေကတော့ နေပြည်တော် ဇမ္ဗူသီရိရှိ အားကစားကွင်းများ၊ အားကစားရွာနဲ့ ဟိုတယ်ဇုန်များ၊ နေပြည်တော် ဇေယျာသီရိရှိ အားကစား ကွင်းများ၊ ရန်ကုန်နဲ့ မန္တလေး အစရှိတဲ့ တိုင်းဒေသကြီး များရှိ အားကစား ပြိုင်ပွဲများ ကျင်းပမယ့် နေရာများနဲ့ ပုသိမ် ငွေဆောင် အားကစား ပြိုင်ပွဲ ကျင်းပမယ့် နေရာများပဲ ဖြစ်ပါတယ်။ အဆိုပါ ဆောင်ရွက်မှု အတွက် တင်ဒါ ပုံစံများကို မေလ ၂၅ ရက်နေ့မှ စတင်ပြီး သတင်း အချက်အလက်နှင့် နည်းပညာ ဌာန၊ အမှတ် ၈၃၉ / ၈၄၁ ဗိုလ်ချုပ်လမ်း၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့မှာ ၀ယ်ယူ နိုင်တယ် လို့လည်း သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။