တရုတ် ဆေးဝါးစက်ရုံ ဆယ်ရာခိုင်နှုန်းကျော်မှ ဆေးဝါးများ အန္တရာယ်ရှိ =

Saturday, May 26, 20120 မှတ်ချက်များ

တရုတ်နိုင်ငံရှိ ဆေးဝါးစက်ရုံများ၌ ထုတ်လုပ်သော ဆေးတောင့် များအနက် စက်ရုံ ၁၂ ဒသမ ၇ ရာခိုင်နှုန်းတွင် ထုတ်လုပ်သော ဆေးဝါးအတောင့် (Capsule) များမှာ လုံခြုံစိတ်ချရမှု မရှိကြောင်း တရုတ် အစားအစာနှင့် ဆေးဝါး ကြည့်ကြပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်ကို CNA သတင်းတွင် ဖော်ပြထားသည်။

တရုတ် အစားအစာနှင့် ဆေးဝါး ကြည့်ကြပ်ရေး အဖွဲ့က ဆေးဝါး ၁၁၅၆၁ အတွဲများကို တစ်လကြာ စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းမှာ ခရိုမီယမ် (chromium) ပါဝင်မှု မြင့်မားလျက် ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တရုတ်နိုင်ငံရှိ ဆေးဝါးစက်ရုံများတွင် စက်ရုံ ၂၅၄ ရုံမှ ထုတ်လုပ်သော ဆေးဝါးများမှာ စိတ်ချလုံခြုံမှု မရှိသည်ကို တွေ့ရှိရသည်။

ခရိုမီယမ်ကို အများအပြား စားသုံးမိပါက ကင်ဆာရောဂါနှင့် အဆိပ်သင့်ခြင်းများ ဖြစ်ပွားစေနိုင်သည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger