အဆင့်မြင့် မင်္ဂလာဈေးကြီး မီးဘေးဒဏ် သင့်ခဲ့ရခြင်း ၂ နှစ်ပြည့် အန္တရာယ်ကင်း ပရိတ် တရားေ

Friday, May 25, 20120 မှတ်ချက်များ

အဆင့်မြင့် မင်္ဂလာ ဈေးကြီးရဲ့ မီးဘေးဒဏ် သင့်ခဲ့တဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ် အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ဖတ်ခြင်းကို မေလ ၂၄ ရက်နေ့က

မင်္ဂလာဈေး အပေါ်ဆုံး ထပ်မှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အခုလို ပရိတ် တရားတော်များ ရွတ်ဖတ် ရခြင်းဟာ ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မီးလောင် ကျွမ်းမှုမျိုး နောက်နောင် မဖြစ်ပေါ်စေဖို့ အတွက် သံဃာတော်များ ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ် တရားနာခြင်းနဲ့ ဈေးသူ၊ ဈေးသားများ စည်းလုံး ညီညွှတ်စွာ မီးဘေး အန္တရာယ်ကို စုပေါင်း ကာကွယ် နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။

အဆိုပါ အဆင့်မြင့် မင်္ဂလာ ဈေးတွင် လွန်ခဲ့တဲ့ ၂ နှစ်က မီးလောင်ခဲ့တဲ့ စတုတ္ထထပ်မှ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဟာ ယခုအခါ ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်ကာ ရောင်းချနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးဘေး ကြိုတင် ကာကွယ်ရေးနဲ့ ပတ်သက်တာ တွေကိုလည်း အရင်ကထက် ပိုမို ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger