လာမယ့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မိုးပွင့် အဆင့် ၃ စီမံချက်ကို ထပ်မံ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့
လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ မိုးပွင့် အဆင့် ၃ စီမံချက်ကို ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၂ လကြာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီ စီမံချက်ဟာ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးခြင်း၊ သန်းခေါင် စာရင်း လူဦးရေ အတိုးအလျော့များ ပြုလုပ်ခြင်းနဲ့ ပြောင်းရွှေ့ခြင်း များကို ရက်အနည်းငယ် အတွင်း ကွင်းဆင်း ဆောင်ရွက် ပေးတဲ့ စီမံချက် ဖြစ်ပါတယ်။ အဆိုပါ မိုးပွင့် စီမံချက် ပြုလုပ်တာဟာ အဆင့် ၃ အထိ ရောက်ရှိနေပြီး မိုးပွင့် အဆင့် ၁ စီမံကိန်း ကိုတော့ ၂၀၁၁ ခုနှစ် ဇွန်လမှ စက်တင်ဘာ လအထိ ပြုလုပ်ပေးခဲ့ပြီး မိုးပွင့် အဆင့် ၂ စီမံချက် ကိုတော့ ၂၀၁၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။