ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား

Thursday, May 31, 20120 မှတ်ချက်များ

အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂) ညနေဘက်(၅) နာရီ ခန့်က
အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။

မသီတာထွေး ဟာ (၂၉.၅.၂၀၁၂) နေ့ မနက်(၉) နာရီအချိန်တွင်
ချောင်းဝရွာနှင့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က
ကာရီဘောင်ဆည် အဟောင်းပေါ်တွင် ဓါးဒါဏ်များနှင့်  သေဆုံးနေတာ
ဖြစ်ပါသည်။

ဖြစ်စဉ်မှာ “မသီတာထွေး တယောက်တည်းပြန်လာသောအခါ ကုလားများက
လူခြေတိတ်တဲ့နေရာမှ စောင့်နေပြီး ခန္ဓာတွင် ဝတ်ဆင်လာသော ရွှေများကို
လုယက်ပြီး ဗလက္ကာယပြုကျင့်ပြီးနောက် လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်
ခဲ့တယ်’’လို့ ၄င်း အား ရှာဖွေရာတွင် ပါဝင်သော ရွာလူကြီးတယောက် အဆိုအရ
သိရပါသည်။

ယခုအခါတွင် မသီတာထွေး ရုပ်အလောင်းကို ကျောက်နီမော်ဆေးရုံ ရင်ခွဲရုံတွင်
စစ်ဆေးနေကြောင်း သိရပြီး မသင်္ကာသော ကျောက်ထရံကုလားရွာက ထွက်ပြေးသွားသော
မုဒိန်းကောင်လို့ ယူဆရသော ကုလားတယောက်အား ဖမ်းဆီးထားတယ်လို့
ကျောက်နီမော်ရဲ စခန်းက အတည်ပြုပြောကြားပါသည်။

“ပျောက်လို့လာတိုင်တော့ ကျွန်တော်တို့လဲ လူငယ်ချင်းချစ်လို့ကြိုက်လို့
လိုက်သွားတယ်လို့ ထင်တာပါ၊ မိုးလင်းလို့ ရွာသားတွေက
အလောင်းတွေ့တယ်လို့ပြောမှ လိုက်သွားလိုက်တာ အခုလို တွေရတယ်’’လို့
တာဝန်ကျ ရဲအရာရှိတစ်ယောက်မှ ပြောပါသည်။

သူကဆက်လို့ “ဒါ ရိုးရိုးလုယက်မှုမဟုတ်ပါ။ ကျူးလွန်ပြီး
ဗလက္ကာယပြုကျင့်ထားတယ်။ နောက် လူသတ်တယ်။ ဒီဖြစ်စဉ်တွေက သာမညမဟုတ်ဘူး
တရားခံတွေဟာ အတွေ့အကြုံရှိတဲ့ သွေး အေးအေး နဲ့ ရက်စက်စွာ သတ်ပြစ်ခဲ့တာ။
လည်ကို လှီးပီးတော့ ညာဖက်ပခုံးမှာ ဓါးခုတ် ရာ ရင်ဘက်တွေ မှာ
ကျောကုန်းတွေမှာ နာရွက်တွေပြတ်နေတယ်။ တရားခံတွေ ဟာ မူးယစ်ဆေးဝါး
သုံးစွဲကြတယ်လို့လဲ ထင်တယ်။ တရားခံ မူဆလင်ကုလားတယောက်ကို တော့
ဖမ်းမိထားပါတယ်။ သူထွက်ဆိုထားတာကတော့သူပါကြောင်း”ပြောပြပါသည်။

သေဆုံးသွားသော ရခိုင်အမျိုးသမီးမှာ လက်ဝတ်လက်စား ရွှေဆွဲကြိုး ရွှေနားဂပ်
လက်စွပ်များလဲ ပါသွားကြောင်း၊ ဆွေးမျိုးတော်စပ်သူ တယောက်ကလည်း
ရွှေက(၂)ကျပ်သားနီးပါး ရှိကြောင်း ပြောပြပါသည်။

အဆိုပါ လူယက်ပြုကျင့် ကျူးလွန်ခဲ့တဲ့ အတွက် ကျောက်နီမော်မြို့နယ်တဝိုက်မှာ
လူထုအုံကြွမှု ကုလား-ရခိုင်ပြဿနာတွေ မ ကြီးထွားအောင် ရဲစခန်းမှူး မြို့ 
နယ်မှူး ကျောက်ဖြူခရိုင်မှူးများ အားလုံး ရောက်နေပြီးတော့
လုံခြုံရေးတွေလဲ တင်းကျပ်အောင် ချထားကြောင်း သိရပါသည်။

တရားခံကုလား နောက်နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်လို့ သိရပြီး
နာမည်မဖေါ်လိုသော ရဲဝန်ထမ်းတယောက်က ဒီကုလားရွာနားမှာ လူယက်မှုတွေ
မကြာမကြာဖြစ်ကြောင်း။ တိုင်လာလျှင်လဲ ငွေနဲ့ ရှင်းပြစ်ကြောင်း။ အခုလဲ
ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်ကြောင်း’’လို့ ပြောပါသည်။

Myanmar News Now
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger