ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်

Thursday, May 31, 20120 မှတ်ချက်များ

ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။

IA ၏ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်ဖြစ်သည့် Ambassador of Conscience ဆုကို ၂၀၀၉ ခုနှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခြင်း ဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် ဒပ်ဗလင်မြို့သို့ ဆိုက်ရောက်လာသည့်အခါ ကိုယ်တိုင် လက်ခံရယူမည် ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျက်သရေနဲ့ သတ္တိဟာဖြင့် အခြေမခိုင်တဲ့ ကမ္ဘာကြီးကို ဒီမိုကရေစီဆီ တိမ်းညွှတ်သွား
စေနိုင်ပါတယ်” ဟု U2 အဖွဲ့၏ ခေါင်းဆောင် ဘိုနို က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီးနောက် ဒပ်ဗလင်သို့ သွားရောက်ကာ IA ဆုကို လက်ခံရယူမည် ဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger