အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

Wednesday, May 30, 20120 မှတ်ချက်များ

"လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသော အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ"

တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။
ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။
''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။
ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger