စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

Wednesday, May 30, 20120 မှတ်ချက်များ

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။

အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

ဝေမာထွန်း-Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger