ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ

Wednesday, May 30, 20120 မှတ်ချက်များ

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။

Photo courtesy of Wikipedia

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ သြစတေးလျနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သြစတေးလျ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းရင်း အဲဒီလို ပြောသွားတာပါ။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ အကောင်အထည်ဖော်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် အထူးအရေးကြီးတာကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်း ၂၀၃ ခုကို ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီလို့ ပြောပါတယ်။

အဲဒီ အတည်ပြုလိုက်တဲ့ စီမံကိန်းတွေက ရေကာတာတွေနဲ့ လမ်းဖောက်လုပ်ရေး စီမံကိန်းတွေ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ အေဘီစီ သတင်းဌာနက ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးသွားရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသရဲ့ ကုန်သွယ်ရေး အချက်အခြာနိုင်ငံ ဖြစ်လာပြီး၊ အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယနဲ့ ဥရောပတိုက်က နိုင်ငံတွေနဲ့ ရေလမ်းကြောင်း ကုန်သွယ်ရေးမှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ သက်သာလာမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးရှိလာမှာ ဖြစ်သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး တိုးတက်လာမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger