WCDMA ဖုန်းကဒ်များတွင်လည်း GSM ငွေဖြည့်ကဒ် ဖြင့်သာ အသုံးပြုရမည်

Monday, April 23, 20120 မှတ်ချက်များ

ယခု ထွက်ရှိမယ့် WCDMA ဖုန်းကဒ်ရဲ့ငွေဖြည့်ကဒ် အသုံးပြုရာမှာ GSM ငွေဖြည့်ကဒ် ကိုသာ အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန် မတိုင်ခင်က
တန်ဖိုးနည်း GSM ဖုန်းတွေကို ချထားမှုတွေ ရှိခဲ့ပြီး ဖြစ်တာကြောင့် GSM အတွက် ငွေသွင်းကဒ် တွေဟာ ၀ယ်လိုအား ရှိနေတယ်လို့ ဟန်းဆက် အရောင်းဆိုင် အချို့ရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒီလို အသုံးပြုရာ မှာလည်း အခု ထွက်ရှိမယ့် WCDMA ဟာ GSM နည်းပညာ ကိုပဲ အခြေခံ ထားတာ ဖြစ်တဲ့ အတွက်ကြောင့် GSM ငွေဖြည့်ကဒ် ကိုသာ အသုံးပြု နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က ဆိုရင် ဖုန်းငွေဖြည့် ကဒ်ကို ဖုန်းဆိုင်ကြီး တွေမှ တစ်နေ့ကို ကဒ် ၂၀ မှ ၄၀ ကြား ရောင်းရပေမယ့် ယခု ဆိုရင်တော့ တစ်နေ့ကို ကဒ် ၈၀ မှ ၁၀၀ ကြား ရောင်းရတယ်လို့ သိရပါတယ်။

MRTV-4
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger