ပြည်တွင်း ဆန်စပါးကို ဧပြီလဆန်း မှစကာ ထောက်ခံချက် မလိုဘဲ သယ်ယူခွင့်ရပြီ

Monday, April 23, 20120 မှတ်ချက်များ

ဧပြီ လဆန်းပိုင်းမှ စတင်ကာ ပြည်တွင်း ဆန်စပါး သယ်ယူခွင့် များကို ထောက်ခံချက် မလိုဘဲ သယ်ယူ ခွင့်များ ပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း
အသင်း တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ထောက်ခံချက် မပါဘဲ သယ်ယူ ခွင့်ပြုတဲ့ အတွက် လွတ်လပ်စွာ သယ်ယူ ရောင်းချ ခွင့်များ ရရှိလာတယ်လို့ သိရပါတယ်။ အရင်က ထောက်ခံချက်များ စောင့်နေရတဲ့ အတွက် သယ်ယူ ရောင်းချ ခွင့်မှာ နှောင့်နှေးမှုများ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်း ဆန်စပါး သယ်ယူ ခွင့်မှာ ထောက်ခံချက်တွေ မလိုတော့တဲ့ အတွက် ကုန်ကျစရိတ် လျော့နည်း သွားတယ်လို့ သိရပါတယ်။ လက်ရှိ ဧရာဝတီ တိုင်းက အခြား ဒေသများသို့ ဆန်စပါး ၀င်ရောက်မှုမှာ တစ်နေ့ကို ပျမ်းမျှ ဆန်တန်ချိန် ၅၀၀ နဲ့ ၆၀၀ မက်ထရစ်တန် ကြားမှာ ရှိတယ်လို့ သိရပါတယ်။ ပြည်ပကို တင်ပို့မှုများတဲ့ အချိန်မှာတော့ ဆန်ထွက်ရာ အဓိက ဒေသဖြစ်တဲ့ ဧရာဝတီ တိုင်းဒေသ ကြီးမှ ရန်ကုန်သို့ ဆန်ဝင်ရောက် မှုဟာ ပိုမိုများပြားစွာ သယ်ယူပြီး တင်ပို့မှု နည်းတဲ့ အချိန် မှာတော့ ဆန်ဝင်ရောက်မှု နည်းပါးကာ သယ်ယူမှု အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

MRTV-4
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger