ဒိန်းမတ်နိုင်ငံက အပျော်တမ်း
ပညာရှင်များက အာကာသသို့ သွားနိုင်မည့် ကမ္ဘာ့ပထမဆုံး ဒုံးပျံယာဉ်ငယ်
တစ်စင်းကို တီထွင်လိုက်ရာ ယင်းဒုံးပျံငယ်လေးဖြင့် လူသားများ အာကာသသို့
ခရီးသွားနိုင်မည်ဟု ဒိန်းမတ်တီထွင်သူ ၂ ဦးက မျှော်လင့်ထားကြသည်။
နေအိမ်တွင်ပင် ဖန်တီးထားသည့် အပျော်တမ်း ဖန်တီးရှင်များ၏ လက်ရာဒုံးပျံသည်
အခြား အာကာသယာဉ်များနှင့် ယှဉ်လျှင် လွန်စွာမှ သေးငယ်လှသည်မှာ မိမိကိုယ်ကို
မိမိသေကြောင်းကြံဖို့ ထိုယာဉ်ကို စီးမည်လားဟု မေးရမည်အထိပင် ဖြစ်သည်။
သြဂုတ် ၃ဝ ရက်တွင် ဘဲလ်တစ်ပင်လယ်တွင်း၌ ရေငုပ်သင်္ဘော ၈ စင်းမှ တစ်ဆင့်
ထိုအပျော်တမ်း အာကာသသွားဒုံးပျံကို လွှတ်တင်မည်ဖြစ်သည်။ ၄င်းတို့
စမ်းသပ်မည့် လူတစ်ကိုယ်စာ ဒုံးပျံငယ်များကို အောင်အောင်မြင်မြင်
လွှတ်တင်နိုင်ပါက မဝေးတော့သည့် အနာဂတ်တွင်ပင် အာကာသသို့ ခရီးသည်များ
ပို့ပေးနိုင်တော့မည် ဖြစ်သည်။ ယခု တီထွင်လိုက်သည့် ဒုံးပျံငယ်များသည်
Copenhagen Suborbitals ခေါ် NGO အဖွဲ့အစည်းတစ်ခု၏ ထောက်ပံ့မှုကို
အပြည့်အဝယူပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုဒုံးပျံကို HEATဟု
အမည်ပေးထားသည်။ အဓိပ္ပာယ်မှာ Hybrid Exo Atmospheric Transporter ဖြစ်ပြီး
ဒေါင်လိုက် အထက်သို့ မတ်မတ်တက်သွားစေရန် တွက်ချက် ဖန်တီးထားသည်။ စက္ကန့် ၆ဝ
မျှ လောင်ကျွမ်းမှုပြုပြီး ရလာသည့် တွန်းကန်အားဖြင့် ကမ္ဘာ့ဆွဲငင်အားမှ
တွန်းထွက်ကာ အဆင်းတွင် လေထီးကို အသုံးပြုပြီး ရေထဲသို့ ဆင်းသက်ရမည်
ဖြစ်သည်။
ZMO, Ref : Dailymail
ZMO, Ref : Dailymail
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။