ဆိုက်ဘေးရီးယားဒေသတွင်
ရုရှားခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့သောကြောင့် ခရီးသည် ၃၁
ဦးသေဆုံးရပြီး ၁၂ ဦးမှာ အရေးပေါ်ဌာနတွင် ကုသခံနေ ရကြောင်း သိရသည်။ ATR –
72 အမျိုးအစား ခရီးသည်တင် လေယာဉ် တစ်စင်းသည် မော်စကိုမြို့ အရှေ့ဘက်
မိုင်တစ် ထောင်ခန့်အကွာရှိ ဆိုက်ဘေးရီးယားဒေသ ရှိ Tyumen လေဆိပ်မှ ဧပြီလ ၂
ရက်နေ့ မနက် ၇ နာရီ မိနစ် ၄ဝ အချိန်တွင် စတင်ပျံတက်ခဲ့ သည်။ မိုင်ပေါင်း
၎ဝဝ ကွာဝေး သော ဆာဂက်မြို့သို့ ဦးတည်ပျံ သန်းမည့် လေယာဉ်သည် Tyumen
လေဆိပ်မှ စတင်ထွက်ခွာပြီး နှစ်မိုင် အကွာအဝေးခန့်တွင် ပျက်ကျခဲ့ သည်။
လေယာဉ်မှာ သုံးပိုင်းကျိုး ပျက်သွားပြီး မီးလောင်မှုကြောင့် လည်း ခရီးသည် ၆
ဦးခန့် ထပ်မံ သေဆုံးခဲ့ရသည်ဟု Tyumen လေဆိပ် အကြီးအကဲ Sergei Kisenyov က
ဆိုသည်။ လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို တိကျစွာ မသိရ သေးဘဲ
စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။ လေယာဉ်မှာ ပြင်သစ်- အီတလီ
ဖက်စပ်အမျိုးအစားဖြစ်ပြီး တာဘို အင်ဂျင်နှစ်လုံးတပ် လေယာဉ်ဖြစ်သည်။
လေယာဉ်စတင် ပျံသန်းပြီး မကြာမီ အင်ဂျင်မှ မီးခိုးများ အူထွက် လာသောကြောင့်
လေယာဉ်မှူးက လေဆိပ်သို့ နောက်ပြန်လှည့်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ခြင်း
ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၃၉ ဦးနှင့် လေယာဉ် အမှုထမ်း
လေးဦးပါရှိသည်ဟု သိရသည်။ ရုရှားနိုင်ငံတွင် လေယာဉ်ပျက် ကျမှုများ မကြာခဏ
ဖြစ်ပွားလေ့ ရှိပြီး၊ ခေတ်ဟောင်း ရုရှားလေယာဉ်များကို
အသုံးပြုခြင်းကြောင့်ဟု ဝေဖန်မှုများရှိခဲ့သည်။ သို့ရာတွင် လေယာဉ်
အမှုထမ်းများ၏ မကျွမ်းကျင်မှု လေဆိပ်များ ၏ လေကြောင်း ထိန်းသိမ်း
ပုံညံ့ဖျင်းမှုတို့ မှာလည်း အဓိက တရားခံဟု စက်မှုရေးရာ ကျွမ်းကျင်သူ တစ်ဦးက
သုံး သပ်သည်။ ဟော်ကီအသင်း တစ်သင်း အပါအဝင် ခရီးသည် ၄၄ ဦးသေ ဆုံးခဲ့ရသော
စက်တင်ဘာ လေယာဉ်ပျက် ကျမှုမှာ လေယာဉ်မောင်းသူ၏ အမှားကြောင့်ဖြစ်ပြီး
Yaroslavl မြို့လေဆိပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျော်ရဲလင်း
Ref: Bloomberg Times
ကျော်ရဲလင်း
Ref: Bloomberg Times
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။