မေလ ၃ ရက်နေ့ စတင်ကာ GSM နှင့် WCDMA မိုဘိုင်းလ် ဖုန်းများကို နေရာဒေသ မရွေး ယူဆောင် ဆက်သွယ် အသုံးပြု နိုင်ပြီ

Thursday, April 26, 20120 မှတ်ချက်များ

ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးမြို့များ အပါအ၀င် မြန်မာနိုင်ငံ အနှံ့ GSM နဲ့ WCDMA ရှိတဲ့ နေရာများမှာ မေလ ၃ ရက်နေ့ ကစပြီး GSM နဲ့

UMTS Station မိုဘိုင်း တယ်လီဖုန်း များကို နေရာဒေသ မရွေး ယူဆောင် ဆက်သွယ် သုံးစွဲနိုင်ပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို ဆက်သွယ် အသုံးပြု နိုင်မယ့် မိုဘိုင်းဖုန်းများ ကတော့ မတ်လ ၁၄ ရက်က စတင် ရောင်းချတဲ့ GSM နဲ့WCDMA မိုဘိုင်းလ် ဖုန်းများ ဆက်သွယ် သုံးစွဲနိုင်တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အဆိုပါ မတ်လ ၁၄ ရက်နေ့က စတင် ရောင်းချခဲ့တဲ့ နယ်ဒေသ တွေက GSM နဲ့ WCDMA မိုဘိုင်းလ်ဖုန်း များဟာ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာ လောလောဆယ် ယူဆောင်ပြီး ဆက်သွယ် ပြောဆိုနိုင်ခြင်း မရှိသေးပေမယ့် ကျန်ရှိတဲ့ မြန်မာနိုင်ငံ တစ်ဝန်း GSM, UMTS Station ရှိတဲ့ နေရာများမှာတော့ ဆက်သွယ် ပြောဆိုနိုင်တာ ဖြစ်ပါတယ်။

ဒီလို မတ်လ ၁၄ ရက်နေ့က စတင်ကာ ရောင်းချ ပေးခဲ့ပြီးဖြစ်တဲ့ GSM နဲ့WCDMA မိုဘိုင်းလ် တယ်လီဖုန်း များကို မေလ ၃ ရက်နေ့က စတင်ပြီး ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေး မြို့များ အပါအ၀င် မြန်မာနိုင်ငံ အနှံ့GSM/UMTS Station ရှိတဲ့ နေရာများမှာ နေရာဒေသ မရွေး ယူဆောင် ဆက်သွယ် သုံးစွဲနိုင်ဖို့ အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ များမှာGSM/UMTS Network ကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း အပြင် Transmission လမ်းကြောင်း များနဲ့ Gateway များ တိုးချဲ့မှုတွေကို ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger