ပြည်တွင်းရှိ ပင်လယ်ပြင် လိပ်မျိုးရင်း များဟာ မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်မှုများ ကြုံတွေ့နေ ရတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို လိပ်မျိုးရင်းများ မျိုးတုံး ပျောက်ကွယ် ရခြင်းမှာ ရခိုင်ရေငန် ပုစွန်ဖမ်း သင်္ဘောတွေဟာ ပိုက်များနဲ့ဒရွတ်ဆွဲ ဖမ်းတာကြောင့် ပိုက်တွေမှာ လိပ်တွေ ကပ်ပါသွားပြီး သေဆုံး ပျက်စီးမှု တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရင်က လိပ်မျိုး စခန်း များရှိပေမယ့် ပီပီပြင်ပြင် လုပ်ဆောင်မှု မရှိတာကြောင့် လိပ်ထိန်းသိမ်းရေး စခန်းများဟာ ပျောက်ကွယ် လုနီးပါး ဖြစ်လာပြီး လိပ်မျိုးရင်းများ ဟာလည်း ပျောက်ကွယ် လာမှုတွေနဲ့ ကြုံတွေ့လာ ရပါတယ်။
ပြည်တွင်းမှာ လိပ်ထိန်းသိမ်းရေး စခန်းတွေ ကတော့ ရခိုင်ပြည်နယ် မေယု ကျွန်းမှာ ၁ ခု၊ ဟိုင်းကြီးကျွန်းမှာ ၁ ခု၊ ကိုကိုးကျွန်းမှာ ၁ ခု၊ ဘိုကလေး မြို့နယ် ကိုင်းတောင်မှာ ၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးရှိ လောင်းလုံ မြို့နယ်မှာ ၁ ခုနဲ့ ဇာဒက်ကြီးကျွန်း တို့မှာ ၁ ခုရှိတယ်လို့ သိရပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ သက်ဆိုင်ရာမှ ကောက်ယူထားတဲ့ စစ်တမ်းတွေ အရ ဥကျင်းချ လိပ်မကောင်ရေမှာ လိပ်မ ၁၄၁ ကောင်မှ လာရောက် ဥချပြီး တူးဖော်ရရှိတဲ့ လိပ်ဥဟာ တစ်သောင်း နှစ်ထောင် နီးပါးရှိပြီး အဆိုပါ ဥတွေမှ သားပေါက်ကောင်ရေ ၆၈၇၉ ကောင်နဲ့ အကောင်သေ ၈၈ ကောင်နဲ့ ဥပုတ် UD နဲ့ဥပျက် UH ကတော့ ဥ ငါးထောင် နီးပါးရှိ ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၁-၂၀၁၂ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မှာတော့ ဥကျင်းချ လိပ်မ ကောင်ရေဟာ ၈၅ ကောင်ခန့်သာ လာရောက် ဥချတော့ပြီး တူးဖော်ရရှိတဲ့ လိပ်ဥမှာ ၇၁၉၀ ဥဖြစ်ပြီး အဆိုပါ ဥတွေမှ သားပေါက်ကောင်ရေ ၄၆၈၅ ကောင်၊ အကောင်သေ ၇၃ ကောင်နဲ့ ဥပုတ် UD နဲ့ ဥပျက် UH မှာ ၂၀၆၂ ဥ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေ့လာမှု တွေအရ ကမ်းခြေ တွေမှာ လိပ်များ လာရောက် ဥချမှုနဲ့သားပေါက် ကောင်ရေ များဟာ တဖြည်းဖြည်း နည်းပါး လာတယ်လို့ နှစ်အလိုက် လိပ်သားပေါက် ငယ်များ ပြန်လွှတ်နိုင်မှု အခြေအနေပြ ဇယားများ အရ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။