ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်တွင် ယနေ့အစည်းအဝေးတွင် ချင်းဝိသေသတိုင်း ၊ ကန်ပက်လက် ဒီစတြိတ်
အမတ်မင်း သူရဦးအောင် ၏ တရားစီရင်ရေး မဏ္ဍိုင်ဖြောင့်မတ်စေလိုခြင်း အဆိုကို
လွှတ်တော်အမတ်မင်းများစွာဖြင့် ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့ကြသည်။လွှတ်တော်
အမတ်ပေါင်းနှစ်ဆယ်ကျော်က ပြင်းပြင်းထန်ထန်ဆွေးနွေးခြင်းဖြစ်ပြီး
အမျိုးသမီးအမတ်မင်းဖြစ်သူ ဒေါ်နန်းကွန်ဝါက ''မူးယစ်ရာဇာများသည်
လွှတ်တော်အမတ်ဖြစ်နေခြင်းကိုက တရားရေးမဏ္ဍိုင်ကို ယိမ်းယိုင် နေခြင်းဖြစ်ကြောင်း''
ဆွေးနွေးရာ ရှမ်းလွှတ်တော်အမတ်တတို့ မျက်နှာမဖော်ရဲအောင်အရှက်ရခဲ့သည်။သို့ ရာတွင်
သီပေါမြို့နယ်အမတ်မင်းကမူ ပါဝင်ဆွေးနွေးခဲ့သည်။ယင်းအဆိုကို လွှတ်တော် က လက်ခံလိုက်ပြီး
လွှတ်တော်တွေး အပြောအဆိုများ ပြန်မပြောကြရန် တံခါးပိတ်ကျင်းပခဲ့ခြင်းဖြစ်သည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။