သိရပါတယ်။ ဒီလို အလုပ်သမား အဖွဲ့အစည်း တွေကို ဖွဲ့စည်းတဲ့ အခါ ရန်ကုန် မြို့တွင်းမှာ သာမကဘဲ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီး မှာပါ အခုလို အလုပ်သမား အဖွဲ့အစည်း တွေကို ဖွဲ့စည်းခွင့် ရရှိပြီး နည်းဥပဒေနဲ့ ပြဌာန်းချက်များ အတိုင်း ရွေးချယ်ပြီး အသိအမှတ်ပြု ပေးသွားမှာ ဖြစ်ပါတယ်။
ဒီလို အသိအမှတ်ပြု ပေးခဲ့ရာ မှာတော့ ပထမဆုံး အနေနဲ့ ရန်ကုန်မြို့တွင်း မှာရှိတဲ့ စက်ရုံ အလုပ်ရုံ ၇ ခုနဲ့ မြန်မာနိုင်ငံ ပင်လယ်ကူး သဘောသားများ ဖွဲ့စည်း ထားတဲ့ အလုပ်သမား အဖွဲ့ချုပ် အစရှိတဲ့ စုစုပေါင်း အလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့အတွက် အသိအမှတ်ပြု လက်မှတ် များကို ဧပြီလ ၂၅ ရက်နေ့က ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို အလုပ်သမား အဖွဲ့ အသိအမှတ်ပြု လက်မှတ် ရရှိပြီး အဖွဲ့အစည်းများ အနေနဲ့ မိမိတို့ ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်း ထဲမှ အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ လုပ်အားခ ၂ ရာခိုင်နှုန်းကို အဖွဲ့အစည်း အတွက် ထားရှိရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ အဖွဲ့အစည်း များဟာ လူမှုရေး ရန်ပုံငွေများ ရှာခွင့်၊ အလုပ်ရှင် တွေရဲ့ ထောက်ပံ့ခွင့်နဲ့ နိုင်ငံတော်မှ ပံ့ပိုးခွင့် စတဲ့ အခွင့်အရေး မျိုးတွေ ရရှိမှာ ဖြစ်တဲ့အပြင် အလုပ်သမား တွေရဲ့ ရရှိပိုင်ခွင့်တွေ ကိုလည်း အဖွဲ့ ခေါင်းဆောင်မှ ဦးဆောင်ကာ တောင်းဆို ပိုင်ခွင့် အစရှိတဲ့ အခွင့်အရေး တွေကိုပါ ရရှိမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။