ရန်ကုန်၊
နိုင်ငံခြားမှ တင်သွင်းကားများအား အခွန်နှုန်းထား ပြောင်းလဲသတ်မှတ် လိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြန်လည်ပြင်ဆင် လိုက်သည့် အခွန်နှုန်းထားများမှာ ကုန်တင်ယာဉ်နှင့် ခရီးသည် တင်ယာဉ်များအတွက် ငါးရာခိုင်နှုန်း၊ လူစီး ယာဉ်များအတွက် အင်ဂျင်ပါဝါ ၃၅ဝဝ စီစီနှင့်အောက် ယာဉ်များအတွက် ၅ဝ ရာခိုင်နှုန်း၊ ၁၃၅ဝ စီစီမှ ၂ဝဝဝ စီစီထိ ၈ဝရာခိုင်နှုန်း၊ ၂ဝဝဝ စီစီမှ ၅ဝဝဝ စီစီထိ ၁ဝဝ ရာခိုင်နှုန်း တို့ ဖြစ်သည်။
အင်ဂျင်ပါဝါမြင့်၍ ဆီစားများသည့် ဆလွန်းကားများမှာ ဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။
ဦးတိုး

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။