နိင်ငံတော်အကြီးအကဲ ဦးသိန်းစိန် | လွှတ်တော် တွင် ဆိုရမည် သစ္စာ အဓိဌာန် ကို ပြောင်းမပေး နိုင်

Wednesday, April 25, 20120 မှတ်ချက်များ


data
 Quantcast
လွှတ်တော် တက်ရောက်သည့် ပြည်သူ့  ကိုယ်စားပြု ကိုယ်စားလှယ် တိုင်း ရွတ်ဆိုရသည့် အခြေ
ခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက် ပါမည်  ဆိုသည့် စကားရပ် အား အမျိုးသား ဒီမို ကရေစီ အဖွဲ့ 
ချုပ် မှ ပြင်ဆင်ပေး ရန် တောင်းဆိုထားသည့်  ” အခြေခံ ဥပဒေ ကို လေးစား လိုက်နာပါမည် “ ဆိုသည့်
စကားရပ် နှင့် အစား ထိုးပေး ရန် မလုပ် ပေး နိုင်ဟု ဂျပန် နိုင်ငံ ရောက် မြန်မာ အစိုးရ သမ္မတ ဦးသိန်း
စိန် က တိုကျို ရှိ ဒုတိယ ကမ္ဘာ စစ် အမှတ် တရ ပြ တိုက် တွင် သတင်း ထောက်များ ကို ပြောကြားလိုက်
သည် ဟု ကျိုဒို သတင်းဌာနာ က ဖော်ပြ သွားသည်။
ထိုစကားရပ် အား ပြင်ဆင်ပေး ခြင်း မပြု သည့် အတွက် ဧပြီလ ၁ ရက်နေ့  ကြားဖြတ် ရွေးကောက် ပွဲ တွင်
အနိုင်ရရှိ သည့် NLD ပါတီ မှ ပြည်သူ့  လွှတ်တော်ကိုယ်စား လှယ်များ သည် လွှတ်တော် တက်ရောက်
မှု မရှိ ဟု သတင်း ရရှိ သည်။
ယနေ့  မြန်မာ အစိုးရ ရုံးစိုက် ရာ နေပြည်တော် ဉ် လွှတ်တော် နှစ် ရပ် ပေါင်း အစည်း အဝေး ကို ပြန်လည်
စတင် ကျင်း ပသည်။
ဦးသိန်းစိန် ၏ ငါးရက် တာ ဂျပန် ခရီးစဉ် အတွင်း ဉ် ဂျပန် အစိုးရ က မြန်မာ နိုင်ငံ ရရန် ရှိသည့် ကြွေးမြီ အမေ
ရိကန် ဒေါ်လာ သုံး ဘီလျှံ ကျော် ကို လျှော် ပစ် ပြီး ပင်လပ်ရပ်ခြား ဖွံ့  ဖြိုး တိုးတက် ရေး အတွက် ODA ဟု
ခေါ်သည့် ချေးငွေများ ထပ်မံ ချေးဌား အုံး မည် ဖြစ်သည်။
မြန်မာ နိုင်မှာ နောက် ပြန်လှည့်တာ တွေ ဖြစ်လာမှ မဟုတ် ဘူး ၊ ပြည်သူတွေ ရဲ့  အကျိုးစီးပွား အတွက် တူညီတဲ့
ပန်းတိုင် ကို ဒေါ်အောင်ဆန်းစုကြည် နဲ့  အတူပူးပေါင်းဆောင်ရွက် ချင် ပါတယ်။  ဒေါ်အောင်ဆန်း စုကြည် ကို
အစိုးရ အဖွဲ့ ထဲ ၀င် နိုင် ဖို့  တံခါးတွေ ဖွင့် ပေး ခဲ့ တယ် ၊ သူဟာ ပါတီ အကျိုးထက် ပြည်သူ့ အကျိုး ကို ကြည့်
သင့်တယ် လို့  သမ္မတ ဦးသိန်း စိန်က မိုင်နိချိ ရှင်ဘွန်း သတင်း စာ ကို ပြောသည်။

(JAPAN OUT AFP PHOTO / JIJI PRESS)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger