ရန်ကုန်သင်္ကြန် ယာဉ်မတော်တဆမှု ၄ ဦးသေ၊ ၁၀၀ ကျော် ဒဏ်ရာရ

Thursday, April 19, 20120 မှတ်ချက်များ

မဟာသင်္ကြန် အကြတ်နေ့ (ပထမရက်) ရန်ကုန်မြို့တော် မြင်ကွင်း
ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ၎ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ထံမှစုံစမ်း သိရသည်။

ရေကစားရာမှ ဖြစ်ပွားသောယာဉ် မတော်တဆမှုမှ ဒါဏ်ရာရသူ ၅၀ ဦး၊ ပုံမှန် ယာဉ်တိုက်မှုမှ သေဆုံးသူ ၄ ဦး၊ ဒါဏ်ရာရသူ ၅၆ ဦး စုစုပေါင်း ယာဉ်မတော်တဆမှုကြောင့် ၄ ဦး သေဆုံး၊ ဒါဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့ ကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

၂၀၁၁ခုနစ် သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး ဒါဏ်ရာရသူ ၆၉ ဦး ရှိခဲ့ကြောင်း ၂၀၁၀ ခုနစ်သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု မှာ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး ဒါဏ်ရာရသူ ၃၃ ဦးရှိခဲ့ကြောင်း ယင်း ဌာနမှ ဆက်လက် သိရှိရသည်။
The Voice Weekly

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger