မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲသတင်း

Thursday, April 19, 20120 မှတ်ချက်များ

17.4.2012 မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်များမှကြီးမှုးကျင်းပသောပထမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို
ယင်းနေ့ညနေ (၃)နာရီအချိန်တွင်စတင်ပြုလုပ်ခဲ့ပါသည်။

၎င်းအခမ်းအနားတွင်ပူဇော်ခံအဖိုးအဖွားများမှာအသက် (၇၅)နှစ် အထက်ရှိသော
နိုင်ငံရေးသမားဟောင်းကြီးများကု
ဂါရ၀ပြုပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်ပါသည်။

ဖိုးဖွားများအားလုံး အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၁၂)ဦး ပေါင်း၂၃ ဦးတို့ကို
လှူဖွယ်ပစ္စည်းများနှင့် တကွ ဂါရ၀ပြုကန်တော့ခဲ့ကြပါသည်။ အခမ်း
အနားစတင်
သည်နှင့် သံဃာတော်များမှအန္တရယ်ကင်းပရိတ်တရားတော်များကိုရွတ်ဖတ်ပေးပြီး
အခမ်းအနားကိုစတင်ခဲ့ပါသည်။

ယင်းနောက်ဖိုးဖွားများကို ကန်တော့ကြပြီးဖိုးဖွားများမှ ဆုတောင်မေတ္တာများပို့သ

ခဲ့ကြပါသည်။ ပြီးနောက် အခမ်းအနားသို့တက်ရောက်လာသော
ဧည့်သည်တော်များအား ဆီထမင်း၊လဘက်ရည်နှင့် အအေးများ ဖြင့်
ဧည့်ခံကျွေးမွေးကာအခမ်းအနားကို
ညနေ (၄)နာရီခွဲ ခန့်တွင်ရုပ်သိမ်းခဲ့ပါသည်။


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger