ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့
မှ
ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၁၃)
ဦးအား ၂၀၁၂
ခုနှစ် ၊ ဧပြီလ ၊ ၇ရက်နေ့တွင် လူတွေ့စစ်ဆေးခဲ့ရာ သတ်မှတ်အရည်အချင်းနှင့်
နီးစပ်သူ
(၃) ဦး ကို ယာယီရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ထို (၃)
ဦး၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်
။
၁။
မောင်ကျောက်ခဲ
၁၅၂ မှတ်
၂။
ဖြိုးတေဇာလင်း ၁၄၅.၅
မှတ်
၃။
နေဦး (ခ) နန္ဒမိုး ၁၃၈
မှတ်
သို့သော်
ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတ်ရုပ်နှင့်ပို၍
အံဝင်ခွင်ကျဖြစ်သော သရုပ်ဆောင်ကို ထပ်မံကြိုးစားရှာဖွေလိုပါသောကြောင့်
(၂၅.၄.၂၀၁၂)
မှ (၀၇.၀၅.၂၀၁၂) အတွင်း လျှောက်လွှာများတင်နိုင်ရန်
ထပ်မံ၍ ဖိတ်ခေါ်ထားကြောင်း
ကို သတင်းစာ ၊ ပြည်တွင်းဂျာနယ် ၊
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၀က်ဆိုဒ်(website)
နှင့် ဖေ့ဘုတ်(Facebook) စာမျက်နှာတို့တွင်
ဖော်ပြ သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည် ။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။