မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တိုက်မှု မြင်ကွင်း ဓါတ်ပုံများ

Sunday, April 22, 20120 မှတ်ချက်များ

ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မီးလောင်မှုကို ငြှိမ်းသတ်ဖို့  သွားရောက်တဲ့  မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ်တစ်စီးတိုက်မိခဲပါတယ်။

 ယာဉ်တိုက်မိမှုကြောင့်ဆိုင်ကယ်မောင်းသူ ဦးဇင်မင်းအသက် ၃၂ နှစ်နှင့် အသက် ၃၅ နှစ်ရှိ ဒေါ်လှလှဌေးတို့မှာ ဒဏ်ရာရရှိခဲ့ ပြီးပြည်သူ့ဆေးရုံတွင်အတွင်းလူနာ အဖြစ်ကုသခံနေရတယ်။
 ဆိုင်ကယ်နောက်တွင်ပါလာသည့် သမီးဖြစ်သူ အသက် ၇ နှစ်ရှိ မအေးဇာဇာထွန်းမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သကြန်အတက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ပြည်မြို့  ရွာဘဲနယ် မြေ၊ အောင်သုခရပ်ကွက်ရှိ ကြက်ခြံတွင် မီးလောင်မှုဖြစ်ပွားရာကို  မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့တဲ့  ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်ဟာ ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာပြီး ဆိုင်ကယ်ကို တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲဒီယာဉ်တိုက်မှုနဲ့ ပါတ်သတ်လို့  မျက်မြင်တွေ့ ရှိခဲ့သူ ကိုပြေလင်းဆက် က Myanmar News Now ကို အခုလိုပြောပြပါတယ်။
 "အတိုက်ခံရတဲ. ခလေးလေးက ပွဲခြင်းပြီး အကြိတ်ခံလိုက်ရတယ်။ကျွန်တော်လဲ အဲ.ဒိနားမှာရှိတယ်အကို။ မြင်ရတာစိတ်မချမ်းသာလို.ပြီးတော.  မီးလောင်လို.သွားတဲ့  ပြည်ကမီသတ်ကားအများစုဟာ မီးလောင်ပြီဆိုရင် တကယ်ကို စည်းကမ်းမရှိတော.ပဲ၊ တွေတဲ.လူဆဲ၊ ငါတိုက်ချင်လဲတိုက်လို.ရတယ်ဆိုတဲ. အတွေးတွေပဲရှိတယ်အကို။ "

Myanmar New Now

ယာဉ်တိုက်မှုမြင်ကွင်းကို ကိုပြေလင်းဆက် မှာ ရိုက်ကူးပေးပို့ ထားတာပါ။


မီးသတ်ကားအောက်မှာ ညက်ညက်ကျေသွားတဲ့ ရေပတ်ခံဆိုင်ကယ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger