မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့် ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။
ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို Smart ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း နှင့် ဘယ်သူထွင်တာလဲ??
ဂျော်ဂျီ အသင့်ထည့်ပြီးသား Android Smart တစ်လုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး---
မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။