ပလက်ဝ၊ ဇန္န၀ါရီ ၁၉ — တပ်စခန်းတစ်ခုဖြစ်သော ခ.လ.ရ
၅၄၄မှ တပ်ရင်းမှူး ဦးသန်းထွန်း နှင့်၎င်း၏ရဲဘော်များသည် ချင်းပြည်နယ်၊
ပလက်ဝမြို့နယ်၊ ဥပဲရွာမှ ရွာသူရွာသားများအား လူသားမဆန်
မိုက်ရမ်းစော်ကားသော အပြုမူ အဖြစ်အပျက်များကို
တစ်ကြိမ်တစ်ခါမကပြုလုပ်ခဲ့ကြောင်း အောက်ပါအတိုင်း ခူမီးမီဒီယာသို့
သတင်းပို့လာပါသည်။
၁။ ၈/၁၁/၂၀၁၂ ရက်နေ့ ညသန်းခေါင်ကျော်တွင် အရက်မူးနေသော ဒု-တပ်ရင်းမှူး
သန်းထွန်းသည် ရွာထဲမှာ သေနတ်များကို အထိတ်တလန့် ပစ်ပေါက်ကာ ရွာသားများအား
ခြိမ်းခြောက်ခဲ့ပါသည်။
၂။ နောက်ထပ် ၂၁/၁၂/၂၀၁၂ခုတွင် မနက် (၂း၀၀)နာရီအချိန်တွင် အရက်မူးနေသော
အထက်ပါ တပ်ရင်းမှူး – ဦးသန်းထွန်းမှ ရဲဘော်များအားအပျိုရှိသော
အိမ်များသို့ သွား၍ အတင်းခေါ်ခိုင်းပါသည်။ မိဘများမှ မိမိတို့၏သမီးပျိုများအား မလွတ်လိုသောကြောင့်
ရမ်းကားဆဲဆူကြိမ်းမောင်းခြင်း၊ တုတ်ချောင်းကြီးဖြင့်
အိမ်တိုင်းကို လိုက်လံ သွားရိုက်ခြင်း ၊ တစ်ရွာလုံးကို
မီးရှို့ပစ်မည်ဖြစ်ကြောင်းဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုခဲ့သည်။
ထို့အပြင် ” ခမျာင်္းတို့ ဘယ်မှာ သွားတိုင်မလဲ၊ ဗျူဟာမှူးဆီသွားတိုင်မလား၊ ဦးသိန်းစိန်ဆီ
တိုင်မလား၊ တိုင်ကြပါ။ ခဗျာ်းတို့ တိုင်တတ်မှာ မှ မဟုတ်တာ
ကျွန်တော်သိပါတယ် “ဟု လူမဆန်စွာ နိုင်ငံတော်သမ္မတအမည်ကိုပါအလွဲသုံးစားပြု ကြွေးကြော်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ကြားရသော ရွာသားများမှ ပြောပြသည်။
၃။ ၂၇/၁၂/၂၀၁၂နေ့ ညနေ (၅း၀၀)နာရီတွင် ဘကြီးရှိသော ဥပဲရွာသို့ အလုပ်ကူရန်
သွားခဲ့သည့်ခ၀ဲကျေးရွာမှ အရွယ်မရောက်သေးသော ၁၃နှစ်အရွယ် အမျိုးသမီးငယ်လေး မမြင့်အောင် အဘ ဦးယိုးနွဲ၏ သမီးအား တပ်သားရဲဘော်တစ်ဦးမှ အလိုမတူ အဓမပြုကျင့်ရန်ကြံစည်သည်ကို
မျက်မြင်သက်သေများကြောင့် သတင်းပျံ့သွားခဲ့သဖြင့် မိန်းကလေးငယ်အား ကျပ်ငွေ
(၉၀၀၀၀/ိ) ကိုးသောင်းကျပ်ဖြင့် အရှက်သိက္ခာအတွက် ပေးလျော်ပြီး ရပ်မိရပ် ဖများအား အတင်းအဓမကျေအေးမှုပြုစေပြီး အရက် (၁၀)ပုလင်း ၊ ဘီယာ (၁)ဖာ၊ အရူးအမူး သောက်စေကြောင်း
သတင်းရရှိသည်။
“ အသိအမြင်နည်းပါးတဲံ ကျွန်တော်တို့က သေနက်ကိုင်တဲံ ဒီကောင်တွေကိုကြောက်ကြောက်နဲ့ပဲ သူတို့လုပ်တာကို ငြိမ်ခံနေရတာပါ၊ ဒီလိုအဖြစ်အပျက်မျိုးမဖြစ်ရအောင် အထက်လူကြီးတွေ အရေးယူပေးသင့်တယ်” ဟု ရပ်မိရပ်ဖများက ဆိုသည်။
ဥပဲရွာသည် ရပ်ချောင်းအုပ်စု၊ ပီချောင်းဒေသတွင် ရှိပြီး ပလက်ဝမြို့မှ
မိုင် ၂၀ ၀န်းကျင်ဝေးပါသည်။ ထိုရွာတွင် တောင်ကုတ်မှ (၅၄၄)ခြေလျင်တပ်ရင်း
တပ်ချထားပါသည်။ ဥပဲ ရွာထဲတွင် တပ်စွဲပြီး ပြည်သူများကို
ကာကွယ်ဖို့မဟုတဘဲ ခြိမ်းခြောက်ဖို့နှင့် ညှင်းဆဲဖို့ အမြဲပြုကြလေ့ ရှိရာ
ပြည်သူအများတို့ ထိတ်လန့်ကြောက်ရွံ့မှုနှင့် မြန်မာ့တပ်မတော်သား များ၏
စရိုက်ဟောင်း မပျောက်သေးကြောင်း ပြောင်းလဲနေသော ဒီမိုကရေစီစနစ်ကိုလည်း
ဘာမှ မခံစားရကြောင်း ပြောဆိုနေကြလျှက်ရှိသည်။
Pi cho (ပီစို)

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။