မကြာသေးခင် ပြီးဆုံးခဲ့သော ရန်ကုန်တိုင်းဒေသကြီး
ကျောင်းပေါင်းစုံ တင်းနစ်ပြိုင်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသားမိဘများမှ
ဝမ်းနည်းစွာရင်ဖွင့်လာခြင်းကို ပြည်သူလူထုများ သိစေရန်တင်ပြအပ်ပါသည်။
ယုဇနဥယျာဉ်မြို့တော်၊ဒဂုံဆိပ် ကမ်းမြို့နယ်၊အမှတ်(၃)ကျောင်း
ကိုယ်စားပြု ယှဉ်ပြိင်ရန်
တစ်နှစ်ပတ်လုံး
ကျွမ်းကျင်တင်းနစ်နည်းပြမျာြး ဖင့် လေ့ကျင့်ရပါသည်။ကလေးများမှာ ကျူရှင်ပျက် ကျောင်းပျက်
ခံပြီး လေ့ကျင့်ယှဉ်ပြိုင်သောအခါ ဂုဏ်ယူစရာအနေနဲ့တော့ ပထမ ဆုရရှိခဲ့ပါသည်။
ရရှိလာသော လည်ဆွဲ ဆုတံဆိပ်၏တန်ဖိုး မှာ မြန်မာငွေ
(၈၀၀)ကျပ် သာတန်ဖိုးရှိပါသည်၊ ဆု ၏တန်ဖိုးကို သိရှိသွားသော ကျောင်းသား နှင့် မိဘတို့မှာ
နောက်တစ်ကြိမ်ယှဉ်ပြိုင်ရန်ပင် လုံးဝ လုံးဝ မစဉ်းစားရဲတော့ပါ၊
လေ့ကျင့် ကုန်ကျစာရိတ် နှင့် နိုင်းယှဉ်လျှင်
အဆပေါင်းများစွာ ကွာဟနေခြင်းကြောင့်ဖြစ်ပါသည်။
လေ့ကျင့်ကုန်ကျစာရိတ်မှာ
တစ်နေ့တစ်နာရီ လေ့ကျင့်ဆရာအတွက် ၂၅၀၀ ကျပ် ဘောလုံးကောက် ၁၅၀၀ ကျပ် အခြားကုန်ကျစာရိတ်များနှင့်
ပေါင်းလျှင် တစ်နာရီ ၆၀၀၀ ခန့်ကုန်ကြပါသည်။
နှစ်ပတ်လည်ဆိုတော့ တွက်ကြည့်ပါတော့ သိန်းဆယ်ချီ
အကုန်ခံပြီး ရခဲ့သောဆုမှာ ကလေးငယ်များ
အတွက် အားကစားအင်အား
ရုတ်လျှော့စေခြင်း စိတ်တတ်ကြခြင်းများဖြစ်ပေါ်ါနေပါသည်။
ပညာရေး ဌာနမှ ပေးသော ဆုတန်ဖိုးကို အင်မတန်မှနည်းသည်
ဆိုခြင်းကို လက်ရှိအုပ်ချူပ်နေသော အာဏာပိုင်များ နှင့် ပြည်သူလူထု များသိရှိစေပြီး
ပြုပြင်နိုင်ရန် တင်ပြလိုက်ရပါသည်။
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်....လေးစားစွာဖြင့်..
လယ်တီမြေသား။..............။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။