ဆန်ဈေးတည်ငြိမ်စေရန် အရန်ဆန်တန်ချိန်ငါးထောင် ချရောင်းမည်

Saturday, September 1, 20120 မှတ်ချက်များ


  ပြည်တွင်းဆန်ဈေးကွက်တွင်း  ဆနဈေးနန်းများမြင့်တက်နေခြင်းကြောင့်  မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ အရန်ဆန်တန်ချိနငါးထောင်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း  သိရှိရသည်။
 
အခုအချိန်မှာ ဆန်ကုန်သည်တွေကနေပြီးတော့ ဆန်သိုလှောင်တာတွေရှိလာတဲ့အတွက် ဆန်ဈေး တက်လာတယ်။ အဲဒါကို တစ်ဖက်ကနေပြီးတော့  ဖြေရှင်းဖို့ကျွန်တော်တို့မှာရှိတဲ့ အရန်ဆန်တွေကို ပြန်လည်ရောင်းချပေးသွားမှာပါဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။
 
အဆိုပါအရန်ဆန်များအား  စက်တင်ဘာလဆန်းပိုင်းတွင်  ဈေးကွက်တွင်းဖြန့်ဖြူးရောင်းချသွားမည်ဖြစ် ကြောင်းသိရသည်။
 
အရန်ဆနထုတ်ရောင်းချရခြင်းမှာ  ပြည်တွင်းဆန်ဈေးကွက်ကို  ထိန်းကွပ်နိုင်ရန်ဖြစ်ပြီး  မကြာမီအချိန် အတွင်းကလည်း  မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း  အရန်ဆန်ရောင်းချရေးကော်မတီမှဆန်တန်ချိန် (၄၅၀၀) ကျော်အား    သမဝါယမအသင်း၊ ကုမ္ပဏီခြောက်ခုနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်းကိုလည်း သိရသည်။
 
စီးပွားရေးသမားများ၊  ဆန်ကုန်သည်များမဈေးကွက်ရှိ  ဆန်များကိုဝယ်ယူသိုလှောင်လာခြင်း၊ စပါးများ ကိုဆန်အဖြစ်မကြိတ်တော့ပဲ သိုလှောင်ထားလာကြရာမှ ပြည်တွင်း ဆန်ဈေးကွက်တွင်း ၁၅% ကျော်မြင့်တက်လာကာ ဈေးကွကမထိခိုက်စေရန်အတွက် အရန်ဆန်များကို ထပ်မံထုတ် ရောင်းရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းက သိရှိရသည်။
 
ဈေးကွက်ထဲကို  အများဆုံးတင်ပို့နေတဲ့  ဧရာဝတီတိုင်းအတွင်းက  ဆန်စက်ရှင်တွေ၊ ဆန်ကုန်သည် တွေကြောင့် အခုလို ဆန်ဈေးနှုန်းတက်လာတာပါ။  ရေလွှမ်းပြီးလယ်တွေပျက်စီးနေတဲ့အချိန်မှာ ဆန်အဝင် နောက်ကျမယ်ဆိုတာ သူတို့ဘက်ကသိလို့ စီးပွားရေးသမားတွေပီပီ ဆန်ကိုလှောင်ထားကြ တယ်။ အခုလို အရန်ဆန် ထုတ်ရောင်းမယ့်အစီအစဉ်ကကောင်းပါတယ် ဆန်ဈေးပြန်ငြိမ်လာနိုင် ပါတယ်ဟု ဘုရင့်နောင်ရှိ ကောင်းမြတ်စံပွဲရုံမှ ကိုထွန်းထွန်းဝင်းက ပြောသည်။
 
ဘုရင့်နောင် ဈေးကွက်သို့ သြဂုတ်လ ဒုတိယအပတ်မှ စတင်၍ ဆန်အဝင်နည်းလာပြီး ဈေးကွက်တွင်း လိုအပ်ချက်နှင့် ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့  ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အရန်ထုတ်ရောင်းခြင်းသည် ပုံမှန်ဈေးနှုန်းတစ်ရပ်ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ဆန်ပွဲရုံများဖွင့် ထားသူများက သုံးသပ်ပြောဆိုသည်။
 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger