ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံး ဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံပြည်ပခရီးစဉ်တုန်းကလဲ
ဒေါ်အောင်ဆန်းစုကြည်သွားရောက်ချိန်နဲ့ တိုက်ဆိုင်ခဲ့တဲ့အတွက် သမ္မတက
ထိုင်းခရီး စဉ်ကို ရက်ရွေ့ဆိုင်းခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူ ရီးချက် ဟော်ဆေ ( Richard Horsey) က သမ္မတဦးသိန်းစိန်
အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာအောင်ဆောင်ရွက်ခဲ့သူ အနေနဲ့
အသိအမှတ်ပြု သင့်သလောက် အသိအမှတ်ပြုမခံရတဲ့အကြောင်း၊
အကယ်၍သာ အမေရိကန်သမ္မတ က ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံပြီး သမ္မတ
ဦးသိန်းစိန်နဲ့ မတွေ့ ဆုံဘူးဆို ရင် မသင့်တော်ဘူး လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၈ ရက်ကြာ အမေရိကန်နိုင်ငံကို လည်ပတ်ဖို့အတွက် မနေ့က
ရန်ကုန်မြို့ကနေ ထွက်ခွာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန်သံအမတ် ဒဲရစ်
မစ်ချဲလ် (Derek Mitchell) လဲ လိုက်ပါသွားတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံမှာ အရပ်သားတွေကိုပေးအပ်တဲ့
အမြင့်ဆုံး ကွန်ဂရက် ရွှေတံဆိပ်ကိုလက်ခံ ရ ရှိမှာ ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်ရောက် မြန်မာပြည်ဖွားတွေနဲ့လဲတွေ့ဆုံဖို့ ရှိတယ်လို့သိ ရပါတယ်။
မင်္ဂလာဒုံလေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည် မထွက်ခွါခင်မှာ သတင်း
မီဒီယာတွေဟာ ကြက်ပျံမကျ ကျိတ်ကျိတ်တိုးခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD အဖွဲ့ ဝင် (၃)ဦးလိုက်ပါသွားတယ်လို့
သိရပါတယ်။
ABC (မြန်မာပိုင်း)

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။