အစိုးရနှင့် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ တွေ့မည်

Sunday, September 2, 20120 မှတ်ချက်များ

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်ကို သြဂုတ်လ ၃၁ရက်နေ့ မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်ကို သြဂုတ်လ ၃၁ရက်နေ့ မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။

ရန်ကုန်၊ သြဂုတ် ၃၀
အစိုးရ အဖွဲ့၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို ပြန်လာမည့် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ နှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများ ရန်ကုန်မြို့တော်တွင် လာမည့် ရက်အနည်းငယ် အတွင်း တွေ့ဆုံ သွားနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရန် စီစဉ် ဆောင်ရွက် နေသော အကျိုးဆောင် တစ်ဦးက The Voice Weekly ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
“ရန်ကုန်မှာ လုပ်ဖြစ်မှာပါ။ အစိုးရ အဖွဲ့က ဘယ်သူတွေ တက်မယ်၊ ဘယ်တော့လောက် လုပ်ဖြစ်မယ် ဆိုတာ တွေတော့ အသေးစိတ် မပြောနိုင်သေးပါဘူး။ စီစဉ်နေဆဲပဲ ရှိပါသေးတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရအဖွဲ့၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံ ပြန်လာမည့် ပြည်ပရောက် နိုင်ငံရေး လှုပ်ရှား သူများမှာ The Mission for Peace in Motherland အဖွဲ့မှ အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်သည့် ဦးမိုးသီးဇွန် အပါအဝင် ဦးကိုကိုလေး၊ ဦးအောင်မျိုးတင့်၊ ဦးဇော်မင်း၊ ဦးထွန်းအောင်ကျော်၊ ဦးမူးသာ၊ ဦးရင်အေး၊ ဦးရွှေစင်ထွန်း၊ ဒေါက်တာအေးမင်းနှင့် ဦးအောင်မျိုးတင့် တို့ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန် ထားသည်။
ယင်းအပြင် ထိုင်းနိုင်ငံမှ ဒေါက်တာနိုင်အောင်၊ ဦးမောင်မောင်၊ ဦးညိုအုန်းမြင့်၊ ဦးအောင်မိုးဇော်နှင့် ဦးသောင်းထွန်းတို့ လာရောက်မည်ဖြစ် ကြောင်း၊ ၎င်းတို့ကို အစိုးရ အဖွဲ့က သီးခြားစီ ဖိတ်ကြားထားသဖြင့် ယခု လာရောက်မည့် သူများမှာ အဖွဲ့အစည်း အသီးသီးကို ကိုယ်စားပြု လာရောက်ခြင်း မဟုတ်ဘဲ သီးခြား လာရောက်ခြင်း ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်က ပြောကြားသည်။
“ကျွန်တော် မြန်မာနိုင်ငံ ရောက်ရင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်း ရှိတယ်။ အခြား နိုင်ငံရေး အင်အားစုတွေ ကိုလည်း တွေ့ဖို့ရှိတယ်။ နောက် လူမှု အသင်း အဖွဲ့တွေကိုလည်း တွေ့ချင်ပါ တယ်။ လူထု အသံတွေ၊ လူထု အခြေ အနေ တွေကိုလည်း လေ့လာ ချင်ပါတယ်” ဟု ၎င်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းပြသည်။ ယခု မြန်မာနိုင်ငံ ခရီးစဉ်မှာ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို ကိုယ်တိုင် ကိုယ်ကျ အနီးကပ် လေ့လာရန်နှင့် ယင်း အပြောင်းအလဲ များတွင် အဓိက ပါဝင် လုပ်ဆောင်နေသော အင်အားစု အားလုံး နှင့် ထဲထဲဝင်ဝင် ဆွေးနွေးရန်ဖြစ် ကြောင်း The Mission for Peace in Motherland အဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger