ပေါက်တောမြို့နယ်ပိန္နဲချောင်းတံတား ချို့ ယွင်းပျက်စီး၍ ကျောင်းသူ ကျောင်းသားများ အန္တရာယ်ကြားက ကျောင်းတက်နေကြရ

Friday, September 28, 20120 မှတ်ချက်များ


ရခိုင်ပြည် ပေါက်တောမြို့နယ် ပိန္နဲချောင်း
 ကျောက်တန်းရွာနှုင့် ကျောက်တောင်ရွာကြား
 တံတားမှာ သွားလာလို့ မရလောက်အောင်ပြိုပျက် စီးနေသည်"ဟုရွှေမြန်မာမီဒီယာဂရုမှ
သတင်းရရှိသည်။


 ကျောင်သူကျောင်းသားများနဲ့ လက် လုပ် လက် ကိုင် စားသောက်နေကြသော
ပေါက်တောမြို့နယ်ကျေးရွာပေါင်း ၅၀ လောက်က အဆိုပါ တံတားကြောင့်သွား
ရေးလာရေးခက်ခဲ့နေကြ သည်ဟုသိရသည်။

" ဒီတံတားက ကြည့် လို့  မရလောက်အောင်ကိုပျက်စီးနေတယ်။ ကျောင်းသူကျောင်း
သားတွေက ဒီတံတားဖြတ်ပြီးအန္တရာယ်ကြားကနေကျောင်းတက်နေကြရတယ်။
 နောက်ပြီး လက်လုပ်လက်ကိုင်စားသောက်နေကြရတဲ့ အနီးအနားရပ်ရွာ ၅၀ လောက်
 ပြည်သူတွေလဲအရမ်းကိုဒုက္ခရောက်နေကြတယ်''ဟု ဦးဆောင်ဆောက်လုပ်မယ့်သူ တဦး
 မောင်ကျော်ဇံအောင်ကရွှေမြန်မာမီဒီယာဂရုကို ပြောသည်။


အဆိုပါတံတားကို ဖြတ်ကျော်ပြီးကျောင်းသူကျောင်းသားများနေ့ စဉ်နဲ့ အမျှအန္တရာယ်
 ကြားကနေကျောင်းတက်နေကြရပြီး။အနီးအနားပြည်သူလူများလည်းစားဝက်နေရေး
အတွက်နေ့ စဉ်နဲ့ အမျှ အန္တရာယ်ကြားကနေ သွားလာနေကြရကြောင်းသိရသည်။

ယခင်က ယင်း တံတားကိုပြန်လည် ပြုပြင်ရန်မြို့ နယ် အာဏာပိုင်များကို လျောက်
ထားခဲ့သော်လည်းပြန်လည်တုန့် ပြန်ပြောဆိုခဲ့ခြင်းမရှိကြောင့်
 မောင်ကျော်ဇံအောင်ကဆိုသည်။

"ကျနော် တို့  ဒီတံတားကိုပြုပြင်ဖို့ အရင်ကကတည်းကမြို့နယ် အာဏာပိုင်များကို
 စာတင်ပြီးလျှောက်ထားခဲ့ပါတယ်။သူတို့ ဆီကဘာမှမတုန့် ပြန်ဘူး။
 ဒါကြောင့်ဒီတံတားကိုပြုပြင်ဖို့ အနီးအနားရှိရပ်ရွာတွေကငွေစုပြီးပြန်လည်ပြုပြင်ဖို့ 
 ဆုံးဖြတ်လိုက်ကြတယ်"ဟု၎င်းကပြောသည်။



 အဆိုပါတံတားကို အသစ်ပြန်လည်းဆောက်လုပ်ရန် ခန့် မှန်းကုန်ကျရန်ငွေမှာ
 သိန်း၆၀ကျော်ကုန် ကျမှာဖြစ်ပြီး၊ တံတား အလျှားအရှည် ပေ ၅၀  ပေရှိကာ အနံ  "၉" ပေ
 ဖြစ်ဟုသိရသည်။ ယခုလက်ရှိအလှူခံရရှိသော ငွေ သိန်း ၂၀ ရှိနေပြီးအဆိုပါ အလှူခံမှ ရရှိသောငွေများဖြင့် မောင်ကျော်ဇံအောင် နှုင့် ဦးသန်းဌေးတို့ မှ ဦီးဆောင်ကာ ယင်း
 တံတားကို ၂၀၁၃ တစ်လပိုင်းလောက်တွင်အပြီးပြုပြင်တည်ဆောက်သွားမည်ဟု
သတင်းရရှိသည်။

 ရွှေမြန်မာမီဒီယာဂရု





ဆက်သွယ်ရန်။

မောင်ကျော်ဇံအောင်လိပ်စာ.No,33,
Jalan ss2,30 Petaling Jaya 47300 Selangor Malaysia
.စုံစမ်းဆက်သွယ်ရန်ဖုန်း
 6+016-659839 .014-9620378
Email.arakan.linn08@gmail.com..

ရန်ကုန်။
ဦးသန်းဌေး 0949706718 -09421740593
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger