သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ်

Sunday, September 2, 20120 မှတ်ချက်များ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group  အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။



 သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ် နေစဉ် (ဓါတ်ပုံ-လှမောင်ရွှေ ဖေ့စ်ဘုတ်)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger