ယာဉ်စည်းကမ်းမလိုနာသောယာဉ်မောင်းများကိုယာဉ်လိုင်စင်ပါသိမ်း၊90%မှာအဓိပတိနှင့်ပါရမီယာဉ်လိုင်းများဖြစ်နေ

Monday, September 3, 20120 မှတ်ချက်များ

 http://pyae-phyo.blogspot.com
ခရီးသည်တင် ယာဉ်လိုင်းများ မှ ယာဉ်စည်းကမ်း ချိုးဖောက်၍ မောင်းနှင်နေသော ယာဉ်မောင်းများ ကို ဒဏ်ငွေဖြင့် အရေးယူသွားမည့် အပြင် ယာဉ်ကိုပါ သိမ်းယူသည့် အရေးယူမှုအစီအစဉ်ကို စတင်သွားမည်ဖြစ်ပြီး နှစ်ပတ်အတွင်း သိမ်းယူခဲ့သော ယာဉ်များ၏ ၉၀ ရာခိုင်နှုန်းမှာ ပါရမီယာဉ်လိုင်းနှင့် အဓိပတိ ယာဉ်လိုင်းတို့ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယာဉ်ကိုပါ သတ်မှတ်ထားသော ကာလအထ သိမ်းယူထားမည့်စနစ် ကို၂၀၁၂ ခုနှစ်သြဂုတ်လ တတိယပတ်မှ စတင်ခဲ့ကြောင်း သိရှိရသည်။
ယခု ယာဉ်အသိမ်းအဆည်းခံရသည့် ယာဉ်များမှာ သတ်မှတ်ထားသောမှတ်တိုင်၌ မရပ်သည့်ယာဉ် များ၊ ယာဉ်မောင်းဖြစ်သူ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေသောယာဉ်များ၊ ယာဉ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများ မပြနိုင်သောယာဉ်များနှင့် အရှိန်ပြင်းစွာမောင်းနှင်နေသော ယာဉ်အများစုတို့ ဖြစ်သည်။

www.pyae-phyo.blogspot.com
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း သိမ်းဆည်းထားသည့် ယာဉ်များကို သြဂုတ်လ၂၉ ရက်က တွေ့ရစဉ်
ဓါတ်ပုံ- ဝင်းမြင့်ကျော်
“ယာဉ်ဘီးခွန်လက်မှတ် (၀ှီး တက်) မပါဘဲ မောင်းနေတဲ့ ယာဉ်တွေ ပြီးတော့ ယာဉ်မောင်းလိုင်စင် မပါဘဲမောင်းနေတဲ့ အတွက်ကြောင့် ဒဏ်ငွေရိုက်တဲ့အပြင် အခုလိုစည်းကမ်းဖောက်တဲ့ ယာဉ်တွေကို သူဖောက်ဖျက်တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ယာဉ်ကိုပါ သိမ်းတဲ့စနစ်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါ တယ်။ အခုနှစ်ပတ်ကာလအတွင်းမှာ ယာဉ်အစီး ၂၀ ကျော်ကို သိမ်းခဲ့ပြီး ၉၀ရာခိုင်နှုန်းလောက်က ပါရမီယာဉ် နဲ့အဓိပတိယာဉ်တွေပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက သုံးသပ်ပြောကြားခဲ့သည်။
ယာဉ်စည်းကမ်း ချိုးဖောက်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း သိမ်းဆည်းထားကြောင်း သိရှိရသည်။
ပထမအကြိမ် စည်းကမ်းမဲ့မောင်းနှင်သော ယာဉ်များကို ဒဏ်ငွေအပြင် တစ်ပတ်ယာဉ်သိမ်းခြင်း၊ ဒုတိယ အကြိမ်စည်းကမ်းမဲ့ မောင်းနှင်သော ယာဉ်ကိုဒဏ်ငွေအပြင် တစ်လယာဉ်သိမ်းခြင်း၊ တတိယအကြိမ် စည်းကမ်းမဲ့ မောင်းနှင်သောယာဉ်ကို ဒဏ်ငွေအပြင် သုံးလယာဉ်ကိုသိမ်းဆည်းမည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ တာဝန်ရှိသူတွေ အနေနဲ့ကလည်း ယာဉ်မောင်းကို ကားဂိတ်ကနေ ထွက်ကတည်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ အမြဲပြောပါတယ်။ နောက်ကွယ် မှာတော့ စည်းကမ်းမဲ့ပြီး မောင်းနေတဲ့ ယာဉ်မောင်းတွေလည်း ရှိပါတယ်။ ဒီလိုမျိုး အရေးယူမှုတွေလုပ်သွားမယ်ဆိုရင် အရင်ဆုံး လမ်းတွေပြင်ပေး၊ ယာဉ်ကြောပိတ်ဆို့မှုတွေကို လျှော့ချပေး၊ အချက်ပြမီးပွိုင့်တွေကို အမြဲ တမ်းကောင်းအောင် ပြုပြင်ပေး၊ ကားမှတ်တိုင်မရှိတဲ့ နေရာတွေကို ကားမှတ်တိုင် အမြန်ဆုံးပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာ တစ်နေ့ ကို ယာဉ်စည်းကမ်းဒဏ်ငွေ ရိုက်ခံရတဲ့ ယာဉ်အစီးရေ ၂၀၀၀ ကျော်ရှိ တယ်။ တစ်စီးကို ကျပ် ၁၅၀၀ ဒဏ်ကြေးဆိုတော့ တစ်နေ့ကို ဒဏ်ကြေး ကျပ်သိန်း ၃၀ နီးပါးလောက် ရနေတယ်။ စီမံချက်ဒဏ်ငွေက တစ်စီးကို ကျပ် ၁၁၅၀၀ ရိုက်တယ်ဆိုတော့ တစ်နေ့ကို ကျပ်သိန်း ၂၃၀  နီးပါး ရနေတယ်။ ဒီပိုက်ဆံတွေနဲ့ လိုအပ်ချက်တွေကို ပြုပြင်ပေးလို့ရပါတယ်” ဟု ပါရမီ သယ်ယူပို့ဆောင်ရေးမှ ဗိုလ်မှူးဌေးလွင်က သုံးသပ်ပြောကြားခဲ့သည်။

credit : - news-eleven.com
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger