မလေးရှားတွင် ဓာတ်ငွေ့ဖြည့်ဂိုဒေါင် ပေါက်ကွဲ၍ မြန်မာလုပ်သား သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

Wednesday, August 22, 20120 မှတ်ချက်များ

မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသ၀က်ရပ်ကွက်တွင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ရာ မြန်မာလုပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ပီနန်မြို့ရှိ မြန်မာနာရေးကူညီမှုအသင်း တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။

သြဂုတ် ၄ ရက် နံနက် ၃ နာရီခန့်က မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံတွင် (ဓာတ်ငွေ့)ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမားသုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည်။ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

“ကျန်တဲ့နှစ်ယောက်က ၅၀ ရာခိုင်နှုန်းစီပဲ အခုချိန်ထိ သတိမရသေးဘူး။ မလေးနှစ်ကူးနဲ့ တိုက်နေလို့ နောက်တစ်ပတ်ကျရင် သေဆုံးသူသုံးဦးကို သင်္ဂြိုဟ်မယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

သေဆုံးသူသုံးဦးအနက် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အောင်သာရွာဇာတိနှင့် ပုဂံညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်၊ ထန်းငယ်တောရွာဇာတိ ဇော်လင်းတို့၏ နေရပ်လိပ်စာကိုသာ စုံစမ်းသိရသည်။ သို့သော်လည်း သေဆုံးသူ မိုးလွင်အပါအ၀င် ဒဏ်ရာရရှိပြီး သတိမေ့နေသူ ကရင်နှင့် ကိုထွန်းဆိုသူ သုံးဦးမှာ အဆက်အသွယ် မရရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

၎င်းတို့ လုပ်ကိုင်သော ဓာတ်ငွေ့ဖြည့် ဂိုဒေါင်စက်ရုံသည် တရားမ၀င် စက်ရုံဖြစ်ပြီး လုပ်ကိုင်သူငါးဦးမှာ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်လုပ်ကိုင်သော သူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ရန်ကုန်က အောင်ဆန်းဦးဆိုတဲ့ တစ်ယောက်က ပို့ပေးတာ။ ဟိုကိုရောက်တာ ရှစ်လနဲ့ ရက်နှစ်ဆယ်ရှိပြီ။ ရွာက လုပ်ဖော်ကိုင်ဖက်တွေက အကြောင်းကြားလို့ သိရတာ။ ကျွန်မ မယုံဘူး”ဟု ကိုဇော်မျိုးခိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးထွေးကပြောသည်။

by 7Day News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger