အမှိုက်အမျိုးအစားမခွဲပါက စက်တင်ဘာလမှစ၍ ဒဏ်ငွေကျပ်(၁)သောင်း ပေးဆောင်ရမည်

Monday, August 20, 20120 မှတ်ချက်များ

သြဂုတ် (၂ဝ)ရက်၊ ၂ဝ၁၂ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ စွန့်ပစ်အမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှုမရှိပါက ဒဏ်ငွေ (၁)သောင်းကျပ် ပေးဆောင် စနစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။ 

''ရန်ကုန်တိုင်းဒေသကြီးက အတည်ပြုချက်နဲ့ ဒဏ်ကြေး(၁)သောင်း တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ နဂိုကတည်းက ဥပဒေရှိပြီးသားပါ။အခုမှ ဒေသန္တရကျန်းမာရေး အတွက်ဆိုပြီး တိုးမြှင့်လိုက်တာ မဟုတ်ပါဘူး။ မြို့ပြလိုအပ်ချက်ကြောင့်ပါ ''ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ( ပတ်ဝန်းကျင်နှင့်ထိန်းသိမ်းရေးဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း(၃၃)မြို့နယ်တွင် အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားစွန့်ပစ် စနစ် အား ဧပြီလ(၁)ရက်နေ့မှ စတင်ကာ ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ယနေ့(သြဂုတ်လပိုင်း)ထိ (၂၈)ရာခိုင်နှုန်းသာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရှိရသည်။

ယခင်က အမှိုက်အစို၊ အခြောက်ခွဲခြားစွဲစွန့်ပစ်မူမရှိပါ ဒဏ်ငွေ ရာဂဏန်းသာ ပေးဆောင် ခဲ့ရာမှယခုလို ဒဏ်ကြေးငွေ   သောင်းဂဏန်းအထိ တိုးမြှင့် ကောက်ခံရခြင်းမှာ မြို့ပြဥပဒေ အရ ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် ထိန်းသိမ်းမူများပြုလုပ်ကာကျန်းမာရေး အတွက် အထောက်အကူပြုနိုင်ရန်နှင့်  စည်းကမ်းလိုက်နာမှုများရှိလာစေရန်   ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း စည်ပင်သာယာဌာနက  သိရှိရသည်။

''အရင်တုန်းကတော့ အမှိုက်စွန့်ပစ်ပြီဆိုရင် ကြွပ်ကြွပ်အိတ်ကို လုံအောင်ချည်ပြီးတော့ ပစ်လိုက်တာပဲ။ အခုဒဏ်ကြေးတွေ အဆမတန်တိုးလာတော့ဆိုရင် သေချာပစ်ရတော့မှပဲ ''ဟု ကမာရွတ်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်မူ ရှိ/မရှိအား စည်ပင်သာယာရေးဝန်ထမ်းများမှ စောင့်ကြည့်သွားမည်ဖြစ်ပြီး တွေ့ရှိပါက စည်းကမ်းလိုက်နာခြင်းမရှိသူအား မေးမြန်းကာ အိမ်အမှတ်၊ စွန့်ပစ်သူနံမည်များအား သေချာမှတ်သား၍ သက်ဆိုင်ရာ တပ်ခွဲမှူးများမှ တဆင့် တရားရုံး၌ စနစ်တကျ ပေးဆောင်သွားရမည်ဖြစ်ကြောင်း စည်ပင်ဌာနမှ သိရှိရသည်။

ယခင်အစိုးရလက်ထက်၌ စည်ပင်သန့်ရှင်းရေးဝန်ထမ်းပေါင်း (၂၉၈၅)ဦးရှိခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် (၃၅၅၄)ဦးထိ တိုးချဲ့လာနိုင်ခဲ့ပြီး လက်ရှိတွင် တနေ့လျှင် စွန့်ပစ်အမှိုက် တန်ချိန် (၁၇ဝဝ)တန်အား သန့်ရှင်းမှုပြုလုပ်နေကြောင်း သိရှိရသည်။

 ယမင်း(မြစ်မခ)
by Shwe Myitmakha Media Group

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger