က၀ ရေဘေး ဒုက္ခသည်တွေ အကူအညီလိုအပ်နေ

Wednesday, August 22, 20120 မှတ်ချက်များ

ပဲခူးတိုင်း က၀မြို့နယ်တွင် ရေကြီးမှုဟာ တော်တော်ဆိုးရွားနေပါတယ် ။ ကျေးရွာ အုပ်စုပေါင်း (၉၆)အုပ်ရှိ ကျေးရွာပေါင်း (၁၃၆)ရွာမှာ ရေဘေးသင့် ရွာပေါင်း(၄၀)ကျော် ရှိပါတယ်။

သတင်းမရသေးတဲ့ ရေဘေးသင့်ကျေးရွာတွေလည်း ရှိပါတယ်။ လောလောဆယ်မှာ အိမ်ခြေ(၂၅၀၀)ကျော်၊ လူဦးရေ(၁၅၀၀၀)ကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင် နေရတယ်လို့  သိရပါတယ်။   ရေစတက်တဲ့ (၂၆/၂၇-၇-၂၀၁၂) ဖြစ်ပြီး ရေဘေးအတွက် စတင် လှူဒါန်းတဲ့  နေ့ မှာ(၄-၈-၂၀၁၂)နေ့ ၊ က၀တမြို့နယ်လုံး အတိုင်းအတာ ဖြစ်တယ်။

က၀မြို့နယ် အုန်းနှဲကျေးရွာ အုပ်စုမှာ (၅)ရွာရှိပြီး  ၁-အုန်းနှဲ- ၂-ခမဲပြင်- ၃-အောင်ဇေယျာ- ၄-ဘန်နာ- ၅-ဗမသက်ရွာ ရေဘေးဒုက္ခသည်(၂၂၀၀)ကျော်ရှိတယ်။ ထို(၅)ရွာ အတွက် တနေ့လျှင်(၆) သိန်းကျော်လှူဒါန်း နေရတယ်။အုန်းနှဲရွာ အုပ်စုမှာ လယ်မြေဧက(၆၀၀၀) ရှိတယ်(၄၀၀၀)ဧကဟာ ရေဘေးကြောင့် ပျက်စီးခဲ့တယ်။ အုန်းနှဲရေဘေး စခန်း ကတော့-၁-အုန်းနှဲဘုရားကြီး-၂-ကုတ္တိနာရုံဘုရား-၃-ခမဲပြင်ဘုရားတို့(၃)ခုဖွင့်ထားတယ်။

သက္ကလရွာအုပ်စုမှာတော့ အိမ်ခြေ(၄၀၀)လူဦးရေ(၁၂၀၀)ရေးဘေးဒုက္ခနဲရင်ဆိုင်နေရတယ်။

ရေဘေးကြောင့် ဖျားနာ၊ ၀မ်းပျက်ဝမ်းလျှော၊ တုပ်ကွေးရောဂါ တွေဖြစ်တယ် ကျန်းမာရေး စောက်ရှောက်မှု မရှိဘူး အားနည်းတယ်။ကယ်ဆယ်ရေး စခန်းများကို ကျေးရွှာရှိပရဟိတ လူငယ်တွေနဲ့ NLD တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးမျိုးခိုင် တို့ တိုင်ပင်ပြီးဖွင့်ထားရတယ်။

အာဏာပိုင်ကတော့ လာရောက်မေးမြန်း မှုတော့ရှိတယ် ဒီနေ့အထိတော့ ကူညီမှုမရသေးကြောင်း ဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။



Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger