နိုင်ငံတော် သမ္မတ ဧရာဝတီတိုင်းအတွက် သိန်းလေးထောင်ကျော် ပေးအပ်

Friday, August 24, 20120 မှတ်ချက်များ

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဧရာဝတီတိုင်းဒေသကြီး အတွက် လို အပ်သော စပါးမျိုး တင်းပေါင်း ၈၀၉၅၈ တင်း အတွက် ငွေ ၄၀၄၇.၉ သိန်း ကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အား ပေးအပ်ခဲ့ကြောင်း သိရ သည်။

    နိုင်ငံတော်သမ္မတကြီးသည် ဧရာဝတီတိုင်းဒေသကြီး ရှိ ညောင်တုန်းတံတား သစ် ဖွင့်ပွဲသို့တက်ရောက် ခဲ့ပြီးနောက် ရေနစ်မြုပ်ရာ ဒေသများ သို့ သွားရောက် ကာ ဒေသခံလယ်သမားများနှင့်တွေဆုံ ခဲ့ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က စပါးပြန်လည်စိုက်ပျိုးရာတွင် မိမိနှစ်သက်ရာ စပါးကို စိုက်ပျိုးနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

    ဧရာဝတီတိုင်းဒေသကြီးတွင် ရေနစ်မြုပ်မှုကြောင့် လယ်မြေဧက များအား ပြန်လည်စိုက် ပျိုးရန် မျိုးစပါး တင်းပေါင်း ၁၁၀၀၀၀ လိုအပ်လျက်ရှိပြီး ယင်းအတွက် ဆန်စပါးလုပ်ငန်းအသင်းမှ သြဂုတ်လ ၁၉ ရက်နေ့က မျိုးစပါး တင်း ၃၀၀၀၀ လှူဒါန်းခဲ့သည်။ လိုအပ်သော မျိုးစပါးများအတွက် နိုင်ငံတော် သမ္မတက ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။

   စိုးမိုး(ပုသိမ်) Yangon Media Group

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger