နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်

Monday, August 20, 20120 မှတ်ချက်များ

ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ်
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစ အခြေအနေတွင်သာ ရှိပါသေးသည်။

သို့ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှု ပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည် ဖော်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန် နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍ လည်းကောင်း၊ မိမိတို့မဏ္ဍိုင်ကြီး (၃)ရပ်၏ စည်းလုံး ညီညွတ်မှုကို မထိခိုက် စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည် ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော် ကောင်းမွန်မည်ဟု ယူဆပါသည်။

သမ္မတရုံး ၀က်ဆိုဒ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger