ပုသိမ်မြို့ပေါ်ရပ်ကွက် (၁၅)ခု အနက် နေရာအတော်များများတွင်
ရေနှစ်မြုပ်လျှက်ရှိရာ ကျောင်းသားကျောင်းသူများ သွားလာရေးခက်ခဲလာသည့်အတွက်
မြို့ပေါ်ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း။ အထက်တန်းကျောင်းများအားလုံး
ယနေ့မှစတင်ပြီး ရက်သက်မှတ်ချက်မရှိ ပိတ်လိုက်ကြောင်း တိုင်းပညာရေးမှူးရုံး၏
ညွန်ကြားချက်အရ မြို့နယ်ပညာရေးဌာနမှ ကြေငြာလိုက်ပါတယ်။
ရပ်ကွက်တိုင်းလိုလိုမှာ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား ပြီး လုံးဝလူနေထိုင်မရတော့သောနေအိမ်များမှ
မိသားစုများ များစွာ ရောက်ရှိခိုလုံနေရပြီး ရေနှစ်မြုပ်နေသော်လည်း
မိမိနေအိမ်ကို စိတ်မချသည့်အတွက် အချို့မှာ မစွန့်ခွာနိုင်ဘဲ
ဆက်လက်နေထိုင်နေသူများလည်း ရှိနေဆဲဖြစ်ပါတယ်။အုပ်ချုပ်ရေးအ ဖွဲ့အစည်းများက စီမံခန်ခွဲမှုနဲ့ လူမှုအဖွဲ့အစည်းများအားလုံး ကယ်ဆယ်ရေးလုပ်ငန်းများ လူမှုနှင့်ကျန်းမာရေးထောက်ပံမှုများ ဆောင်ရွက်နေကြသော်လည်း နေ့ရော ညပါ အဆက်မပြတ်ရွာသွန်းနေသော မိုးကြောင့် ကယ်ဆယ်ရေး စခန်းများမှာ အ၀တ်အစားနှင့် အစ...
ားအစာ၊ကျန်မာရေးအထောက်အပံများ ပိုမိုလိုအပ်လာနေပါပြီ၊ ထရွန်စဖေါ်မာအချို့ ရေမြုပ်နေရာ နေရာအချို့ လျှပ်စစ်ဓါတ်အားပြတ်တောက်နေပါပြီ၊ မြို့ပေါ်တိုင်းလျှပ်စစ်ရေမြုပ်ေ နပါပြီ။ ရေလွတ်နေရာများက လူငယ်များရဲ့လုပ်အားများ၊ ငွေကြေးပြည့်စုံသူများရဲ့ထပ်မံလှူဒါန်းမှုများ အမြန်လိုအပ်နေပါတယ်။ သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများ လူမှုရေးအဖွဲအစည်းများကို အမြန်ဆုံးဆက်သွယ်လှူဒါန်းကြပါရန် နှိုးဆော်လျှက်ရှိပါတယ်။
သက်ဆိုင်ရာရေးဘေးကယ်ဆယ်ရေးအဖွဲ့များထံမှာဆက်သွယ်ပြီး ရေးဘေးထောက်ပံ့မှု့များပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာအသ င်းများရဲ့ ကယ်ဆယ်ထောက်ပံရေးအစီအစဉ်များမှာ ဆက်လက်ပါဝင်ကူည်ီနိုင်ရန် အောက်ပါပုဂ္ဂိုလ်များနှင့် အမြန်ဆုံး ဆက်သွယ်ပြီး လုပ်အားနှင့် ပစ္စည်းပါဝင်လှူဒါန်းနိုင်ပါတယ်။ ရေလွတ်နေရာများမှ လူငယ်များ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများမှာ လုပ်အားပါဝင်လှူဒါန်းရန်လိုအပ်လျှက်ရှိနေပါတယ်။
ဧရာဝတီတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ပညာရှင်အသင်းမှာလှူဒါန်းလိုပါက
ဦးမောင်မောင်ဦး ၄၉၇၁၇၄၂၈
ဦးမျိုးမင်းဦး ၅၂၀၁၇၃၈
ဦးထွန်းဇံဖြိုး ၄၂၂၄၇၉၀၇၈
ဦးတင့်နိုင်ဝင်း ၄၉၇၁၇၈၄၁
ဒေါ်မြတ်မြတ်မိုး ၄၉၇၃၅၃၁၂
ဒေါ်မင်းမင်းရွှေစင် ၄၅၁၂၃၆၅၃၇
ဒေါ်ချိုချိုတင် ၄၉၇၁၉၉၇၆
ဒေါ်နှင်းယုမော် ၄၂၂၄၄၆၁၃၅ တွေကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
ဧရာဝတီတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ပညာရှင်အသင်းမှာလှူဒါန်းလိုပါက
ဦးမျိုးမင်းဦး ၅၂၀၁၇၃၈
ဦးထွန်းဇံဖြိုး ၄၂၂၄၇၉၀၇၈
ဦးတင့်နိုင်ဝင်း ၄၉၇၁၇၈၄၁
ဒေါ်မြတ်မြတ်မိုး ၄၉၇၃၅၃၁၂
ဒေါ်မင်းမင်းရွှေစင် ၄၅၁၂၃၆၅၃၇
ဒေါ်ချိုချိုတင် ၄၉၇၁၉၉၇၆
ဒေါ်နှင်းယုမော် ၄၂၂၄၄၆၁၃၅ တွေကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။