ဆန်စပါး ရောင်းဝယ်မှု ပိုင်းတွင် ချေးငွေများ ထုတ်ချေး သွားရန် United Over Sea Bank ညှိနှိုင်း လျက်ရှိ

Friday, June 15, 20120 မှတ်ချက်များ

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်စပါး ရောင်းဝယ်မှု ပိုင်းဖြစ်တဲ့ Trade Sector ပိုင်းမှာ ချေးငွေ များရရှိရန် အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူ တွေနဲ့ စင်္ကာပူ အခြေစိုက်

United Over Sea Bank မှ တာဝန်ရှိ သူတွေဟာ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးမှု တွေကိုတော့ ယခုလ အတွင်းမှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ တာဝန်ရှိရဲ့ ပြောကြားချက် အရ United Over Sea Bank ဟာ မြန်မာနိုင်ငံရဲ့ ဆန်စပါး လုပ်ငန်းမှာ Trade Sector အတွက် ချေးငွေများ ထုတ်ချေး ပေးဖို့ စိတ်ဝင်စားမှုများ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ယခု လက်ရှိမှာ အဆိုပါ ဆွေးနွေးမှု တွေကို ထပ်မံ ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ချေးငွေများ ရရှိရန်အတွက် ကိုတော့ မြန်မာနိုင်ငံမှ ဆန်စပါး လုပ်ငန်းနဲ့ ပတ်သက်တဲ့ Plan တွေကို ရေးဆွဲ တင်ပြရမှာ ဖြစ်ပြီး အဆိုပါ Plan ပေါ်မူတည်ကာ ချေးငွေများ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ United Over Sea Bank နဲ့ ယခု လက်ရှိမှာ ချေးငွေများ ရရှိအောင် ဆောင်ရွက်မှု အပိုင်းမှာ Trade Sector အပိုင်းဘက် ကိုသာ ဆွေးနွေးမှုများ ရှိပေမယ့် နှောင်ပိုင်း မှာတော့ ဆန်စပါး လုပ်ငန်းရဲ့ အခြေခံ အဆောက်အအုံများ တည်ဆောက်ရာမှာ လိုအပ်တဲ့ ချေးငွေများ ရရှိအောင် ထပ်မံ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger